" သား ကူးကူးငယ်..."
ပန်းချီတွေရေးဆွဲလေ့ရှိသောအိမ်ငယ်လေးထဲ
သားအဖသုံးယောက်ရဲ့ ရယ်သံတွေဟာ
နေ့နေ့ညည ဆူဆူညံညံရှိသည်။
၆လအရွယ်ကနေ တိုကျိုကိုခေါ်ဆောင်လာတာ
ယခုဆိုတစ်နှစ်တိတိအရွယ်ရှိနေချေပြီ။သွားလေးတွေလည်းပေါက်နေပြီး
ယခင်ကထပ်ပင်ပို၍ လည်ဝယ်လာသည်။
ကူးကူးငယ်ရဲ့အပြုအမူအစအဆုံးကိုကြည့်ရင်း
အချစ်ပိုသူဟာပန်းချီတွေပါ။" ဒါလေးကို ပါးပါး လက်စသတ်ပါရစေဦးလားကွယ် "
တစ်နေ့ထပ်တစ်နေ့ သိတတ်လည်ဝယ်လာသည်နဲ့
ဟိုဆွဲဒီဆွဲဆွဲလားရမ်းလားတွေဖြစ်လာကာ
အတော်လေးလည်း ထိန်းကျောင်းရသည်။
ယခုလည်း စုတ်တံတွေနဲ့စျေးရောင်စုံတွေကို
ဆွဲချပစ်တာသည် အားလုံးကြမ်းပြင်တွင်
တစစီပွပလဲကုန်သည်။သို့သော်လည်း
စိတ်တွေမဆိုးနိုင်အောင် လုပ်ချင်ရာလုပ်ပြီး
တစ်ခစ်ခစ်ရယ်ပြနေသူဟာ ဆေးရောင်စုံတွေဖြင့်
တစ်ကိုယ်လုံးမှာ ပေကျံနေတော့သည်။" သားရယ်..."
ဘာမှမပြောနိုင်တော့ပဲ သားဖြစ်သူကိုကြည့်ပြီး
အသည်းတယားယားဖြင့်သာ ရယ်မိတော့သည်။" ပါး..."
" ဗျာ...ဗျ..."
လက်ခုပ်လက်ဝါးတွေတီးရင်း
ဆေးရောင်စုံတွေကိုသဘောကျကာ
မပီတပီခေါ်တာက " ပါး " တစ်လုံးထဲတဲ့။
JeonJiminတို့မှာဖြင့် တစ်နေ့တစ်ခြား
ချစ်လာတာတွေသည် သဲသဲလှုပ်ပါပဲ။" လုပ်ချင်ရာ လုပ်ပြီး ရီနေအဲ့မှာ..."
" ပေကုန်ပြီ ညစ်ပေလေးဖြစ်သွားပြီလေသားရဲ့..."
" လာ ပါးပါးအက်ျီလဲပေးမယ်..."
" အအေးသွားဖျော်တဲ့ သားဒယ်ဒီလည်း
အိပ်များပျော်သွားတာလားနော်...."ခပ်စူးစူးအသံလေးနဲ့လှမ်းအော်လိုက်သည်။
မီးဖိုချောင်တာဝန်ကိုအပြည့်အဝယူထားသော
မောင်ဟာ အအေးခွက်နှစ်ခွက်ဖြင့်အပြေးအလွှား
ပြန်ရောက်လာသည်။" လာပါပြီဗျာ.... ဟာ သားဘယ်လိုတွေ..."
" အကုန်ဆွဲချလိုက်တာလေ ပေကျံကုန်ပြီ
လုပ်ချင်ရာလုပ်ပြီး ရီနေတာပဲကြည့်
မောင့်အတိုင်းပဲ ...."
ESTÁS LEYENDO
ပန်းချီတွေငိုခြင်း