ပန်းချီတွေငိုခြင်း{၅}

3.5K 341 12
                                    

" အဆင်ပြေရဲ့လား.."

ကားထဲရောက်မှ တစ်ဖက်ကလူရဲ့
အသံကြောင့် ချက်ချင်းမျက်ခုံးတွေတွန့်ချိုးကာ
ကားမောင်းနေသူအား ကြည့်လိုက်မိသည်။

" မင်း ဘယ်လိုလုပ်...! "

" တော်တော်လေးတိုက်ဆိုင်သွားတာပဲ ....
တော်သေးတာပေါ့ ငါအချိန်ကိုက်
ရောက်လာလို့...! "

" ရှေ့နားမှာ ရပ်လိုက်...!! "

" ဘာလို့လဲ..."

" မင်းလိုကောင်နဲ့ အတူမရှိတာပိုကောင်းမယ်
ထင်လို့ "

" ပြောစရာတွေရှိတယ်..."

" ငါ့မှာတော့မရှိဘူး အခုချက်ချင်းကားရပ်ပေး "

ခေါင်းအစခြေအဆုံးသနားစရာပုံရိပ်တွေ
ဟပ်နေပေမယ့်နှုတ်ဖျားကထွက်သမျှက
တစ်စက်မှအချိုးမပြေပါ၊
ဒါကြောင့်ပဲ လမ်းဘေးတစ်နေရာမှာကားကို
ထိုးရပ်လိုက်သည်၊ဒီနေရာက ဘယ်နေရာမှန်း
မသိသလို၊
လူသွားလူလာပြတ်သည့်ပုံပေါ်သည်။

" ဒီမှာ..."

ကားထဲတွင်အသင့်ပါလာသည့်တစ်ရှူးဘူးထဲက
တစ်ရှူးသုံးလေးရွက်လောက်ကိုဆွဲထုတ်ကာ
ပေးလာသည့်Jeonအားမှုန်ကုပ်ကုပ်နဲ့
ကြည့်နေမိသည်။

" ဘာလဲ..."

မေးသည်ကိုပြန်မဖြေပါဘဲ လည်ပင်းဆီကို
တစ်ရှူးတွေနဲ့လာသုတ်ပေးနေသည့်
Jeonလက်တွေကို ရိုက်ချလိုက်သည်၊

" ဘာလုပ်တာလဲ..."

" သွေးတွေ..."

တစ်ရှုးစတွင်ပေနေသောသွေးတချို့ကိုမြင်မှ
လည်ပင်းဆီကိုလက်ဖြင့်စမ်းရင်းအတည်ပြု
ကြည့်မိသည်။
ကိုယ့်အာရုံနဲ့ကို လည်ပင်းကရှပ်ထိသွားသည့်
ဒဏ်ရာကိုတောင်သတိမမူမိတော့။

" ငါ့ဟာငါလုပ်လို့ရတယ် လာမထိနဲ့...."

" အိုခေ...."

Jiminသည်ထပ်မံ၍တစ်ရှူးစတွေကိုဆွဲထုတ်ပြီး
ထိုဒဏ်ရာဆီတွင်ဖိထားလိုက်သည်။

" မနက်ကရောက်လာတာ မင်းအစ်ကိုလား...
ထင်ထားတာထပ်ပိုပြီး မင်းအိမ်က
အခြေအနေပိုဆိုးတာပဲ "

ဘာမှပြန်မပြောဘဲ၊အကြည့်တွေသည်လည်း
Jeonထံတွင်မရှိပါဘဲ စိတ်နဲ့လူနဲ့လည်း
မကပ်ဘူးထင်သည်၊

ပန်းချီတွေငိုခြင်းDonde viven las historias. Descúbrelo ahora