လူအတော်အသင့်သာရှိသောဒီနေရာက
Jeonနဲ့ရင်းနှီးနေပြီးသားHairShop
တစ်ခုကိုပင်ဖြစ်သည်။စိတ်ကြိုက် လိုချင်သည့်ပုံစံကို
ပြောကြားပြီးနောက်မှာ Jeonရဲ့ဆံစ
ရှည်ရှည်တွေကိုစတင်ညှပ်ဖြစ်ခဲ့သည်။ဖုန်းသုံးရင်းထိုင်စောင့်နေသူကတော့
ခြေထောက်တွေကိုချိတ်ထိုင်ရင်းပျင်းနေပုံရသည်။
ဆံသဆရာနဲ့စကားတွေပြောရင်းဖြင့်
မှန်ထဲမှတစ်ဆင့်ထိုင်နေသောသူကိုလည်းJeonကအဆက်မပြတ်ကြည့်နေသေးသည်။Hairshopတွင်လူတော့မပြတ်ပါဘဲ
ယောက်ျားလေး၊မိန်းကလေးတွေသည်
အလျှိုလျိုဝင်ထွက်သွားလာနေကြသည်။
ဆိုင်ထဲဝင်လာသည်နဲ့အရုပ်လေးသဖွယ်
ထိုင်နေသူကို လည်ပြန်ငေးကာရိသဲ့သဲ့
လုပ်နေကြသောကောင်လေးတွေကလည်း
ရှိသေးသည်။" ဓာတ်ပုံထဲမှာထက်အပြင်မှာ ပိုချောတယ်နော်..."
ရင်းနှီးနေပြီဖြစ်သောဆံသဆရာရဲ့
အဆက်အစပ်မရှိသောစကားကြောင့်
Jeonခွန်းတုန့်မပြန်တော့ပါဘဲနားစွင့်နေမိသည်။" JungKook ခင်ပွန်းသည်ကိုပြောတာပါ
မဂ်လာဆောင်ကမရောက်လိုက်တော့
သတင်းတွေထဲကဓာတ်ပုံတွေထဲမှာပဲမြင်ဖူးတာလေ
အဲ့ဒါကြောင့်.... "" အင်း..."
ချီးမွမ်းခြင်းဆိုသော်ညား အလိုမကျသလို
ဖြစ်သွားရတာမို့ စကားတွေအများကြီး
မတုန့်ပြန်ပါဘဲမှန်ထဲကတစ်ဆင့်ပန်းချီတွေကို
ကြည့်နေမိတာလည်းအမောပါပဲ။ချိတ်ထိုင်နေသောခြေထောက်သေးသေးတွေကို
လှုပ်စိလှုပ်စိလုပ်ရင်းပျင်းလာတော့
အိပ်ချင်လာသည်။
တစ်ဝါးဝါးသန်းနေမိတုန်း အနားတွင်
လာထိုင်သောကောင်လေးတစ်ဦးသည်
ခန့်မှန်းရသလောက်အသက်ဆယ်ရှစ်နှစ်
ဝန်းကျင်သာရှိမည်။" ဆံပင်လာညှပ်တာလား Hyung..."
တစ်ဖက်ကစကားတွေစတင်ပြောလာတော့
ဖုန်းထံမှအကြည့်တွေကိုလွှဲကာ ထိုကောင်လေးအား
သေချာကြည့်လိုက်သူက Jiminပင်။
ချောမောခြင်းတွေကမောင့်ကိုမမှီသော်ငြား
ခပ်ငယ်ငယ် ထိုကောင်လေးကဆွဲဆောင်မှု
အပြည့်ရှိသော မျက်နှာအချိုးအစားတွေကို
ပိုင်ဆိုင်ထားသည်။
YOU ARE READING
ပန်းချီတွေငိုခြင်း