🍂PART 28🍂(Uni/Zaw)

12K 322 39
                                    

🍂PART 28🍂

ဖြူစင်သန့်နဲ့white!!!

   နှစ်ယောက်ပေါင်း လောင်းကျော်တော့မည်ဆိုတာသိသော်လည်း ထိုလောက်ထိ ဖြစ်လာလိမ့်မည်ဟု ယောင်လို့တောင်မတွေးမိခဲ့ဘူး။

   အခုတော့ နှစ်ယောက်ပေါင်းလိုက်တာ ဂိုဏ်းတွေအထိပါ ကျော်ချလာပါတော့သည်။

  သူ တာချီလိတ်ပြန်သွားသည့် သုံးပတ်မြောက်လောက်တွင် Whiteက Bobbyနှင့်ရိုက်ပွဲဖြစ်သည်ဆို၍ နန်းထက်မှာ အရမ်းပြန်ချင်နေသော သူမရှိသည့်နေရာကို ပြသာနာရှင်းဖို့ နောက်တစ်ခေါက်မဖြစ်မနေ ညချင်းပြန်လာရသည်။

   ဒေါ်ဖြူစင်သန်နဲ့ အမောင်Whiteတို့ဖြစ်ပုံက....

Ring Ring Ring....

    စနေ တနင်္ဂနွေရုံးပိတ်ရက်မို့လို့ ဦးငယ်နှင့်အတူ အေးအေးလူလူ ညနေနေဝင်ဆည်းဆာကိုခံစားကြည့်နေရင်း ကလောကခြံကိစ္စတစ်ချို့နှင့်ပတ်သက်သောစကား လက်ဆုံပြောနေတုန်း Whiteဆီကဖုန်းကနေ ဖုန်းဝင်လာလျှင် လှစ်ခနဲ ကြိတ်ပြုံးလိုက်မိသည်။

အပြင်သွားဖို့ ခေါ်တာဖြစ်မှာ....

   ဦးငယ်က ဘယ်သူလဲဆိုတာသိချင်နေသည့်အကြည့်မျိုးနှင့်မလို့ မော်လေးဟုလိမ်ပြောပြီး ရှောင်ထွက်လာရသည်။

" ဟဲလို.... Whiteပြော"

" ကိုစောစောက private partyဖိတ်စာတစ်ဆောင်ရထားတယ် အဲဒါbabyများ လိုက်ချင်မလားလို့"

"လိုက်မယ်လေ... ဖြူသန့် နန်းထက်ကိုပြောထားအုံးမှ...အခုတလောဘယ်သွားသွားreportတင်နေရတယ် Whiteရေ"

"အဲဘဲ babyကို တအားချုပ်ချယ်နေတာပဲ ကြည့်လို့ကိုမရဘူး"

    ဖုန်းပြောပြီးကာ Whiteသည် သူ့babyကို သူသွားကြိုကာ ပါတီသွားတော့မည်။

   ဒီမှာနေရတာ ငွေသိမ်းရုံကလွဲ သိပ်လုပ်စရာမရှိသဖြင့် အချိန်ပြည့်လျှောက်သွားနေဖို့ပဲ စဉ်းစားနေရတာ ပျင်းလွန်းလို့ သေတော့မည်။

    Babyကို နမ်ဖွင့်ပြောလိုက်တုန်းက သူ့မှာ နမ်ထိုသို့ဖွင့်ပြောလိမ့်မည်ဟု လုံးဝမထင်ထားမိ။

   ဖွင့်ပြောပြန်တော့လည်း သူတို့အားလုံးကိုပါ အသိပေးဖြစ်သည်။

သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]Onde histórias criam vida. Descubra agora