🍂PART 36🍂
လက်ချောင်းသွယ်သွယ်တို့ကိုပါ ဖုံးအုပ်သည့်အထိရှည်သည့် သူ့အင်္ကျီကိုယူဝတ်ထားဆဲ သဲကို မွေ့ယာပေါ်ကနေထိုင်ပြီး ငေးကြည့်နေရတာကိုသဘောကျနေသည်။
ဘာလို့ဆို သူမက သူ့ရုံးခန်းထဲက Barrett 82A1ကို ကိုင်ပြီး ပြတင်းပေါက်အပြင်ဘက်ကို မနိုင်မနင်းနဲ့ လိုက်ချိန်နေသောကြောင့် သူအသံတိတ်ကြိတ်ရယ်နေမိသည်။
ကျည်ဆံမထည့်ထားရသေးလို့သာ စိတ်ချပြီးပေးကိုင်ဖြစ်တာ....
“လေးလိုက်တာ....”
တစ်ယောက်ထဲညည်းညူနေကာ Sniper သမားတစ်ယောက်လို တုပနေလားတော့မသိ အနက်ရောင်ဦးထုပ်ကိုပါ နောက်ပြန်ဆောင်းထားသေးသည်။
မိန်းကလေးတစ်ယောက်၏ ဆွဲဆောင်မှုအရှိဆုံးအချိန်က ဘယ်အချိန်လဲသူမသိပေမယ့် သူ့သဲ ဆွဲဆောင်မှုအရှိဆုံးအချိန်က ဒီလိုပေါက်တတ်ကရလုပ်နေသောအချိန်တွေပါပဲ။
သေနတ်တစ်လက်နှင့် သူ့ဘက်ကိုပြန်ချိန်လာတော့မှ သူ့ကိုတွေ့လိုက်သဖြင့် လန့်သွားပုံကိုမြင်ပြီး ပြုံးစိစိလေးဖြစ်သွားသည်။
“နိုးလာပြီလား.... ဖြူသန့်ပျင်းလို့ လိုက်ဆော့နေတာ ခဏပေးကိုင်နော်”
ပြောပြီးသည်နှင့် အပြင်ဘက်ကိုထပ်လှည့်လိုက်သောကြောင့် သူမသည် သူ့ကိုအခုထိ ရှက်နေကြောင်း သဘောပေါက်လိုက်သည်။
ပုံမှန်ဆို သူကအအိပ်ဆက်သည့်သူမလို့ ကိုယ့်ဘေးနားက အသံကြားသည်နှင့် နိုးထတတ်သည်ကို သူမထသွားတာကို မသိလိုက်ဘူးဆိုတော့ ညကသူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာဖြစ်လိမ့်မည်။ အိပ်ရေးကောင်းကောင်း မရခဲ့သောနေ့ရက်တွေလည်းရှိခဲ့သည်ကိုး။
ထို့နောက် သူမအနားကိုသွားကာ....
“ပျင်းနေရင် ဘာလို့ ကို့ကိုမနှိုးလဲ။ ဗိုက်ဆာရောပေါ့ ကိုမျက်နှာသစ်ပြီးရင် နေ့လယ်စာ သွားစားရအောင်”
“အင်း”
ဟုတ်သားပဲ။ မနက်စာမှမမှီတော့တာ....
သူ့ကိုမနှိုးဘူးဆိုတာ သူအိပ်နေသောပုံက အရမ်းကိုကြည့်ကောင်းပြီး ဒီလိုခိုးကြည့်ရတာကို သဘောကျနေလို့ပေါ့။
![](https://img.wattpad.com/cover/335593656-288-k211069.jpg)
YOU ARE READING
သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]