🍂PART8🍂Uni/Zaw

13.7K 326 8
                                    

🍂PART8🍂

အိမ်ကိုရောက်ထဲက ‌ဝရံတာမှာ ထွက်မျှော်နေရသည်က သူ့အတွက်အလုပ်တစ်ခုအဖြစ်နှင့် ပိုလာလိမ့်မည်ဟု ဘယ်တုန်းကဘယ်အချိန်ကမှ မထင်ထားခဲ့မိဖူးသလို သူ့မစ်ရှင်ထဲမှာလည်းမပါဝင်ခဲ့။

အနောက်ကနေ Whiteကားပါလာမှန်း သိနေသလို သူမကို ခေါ်လာမယ်မှန်းလည်းသိနေကာ သူ့ခေါင်းကို လုပ်ပစ်သွားခဲ့သည်ကို ခွင့်မလွှတ်ပေးသည့်အနေနှင့် ပစ်ထားခဲ့မိ၏။

ရိုးသန့်လည်း သူ့အစ်မကို ကိုယ့်ဘက်ကလမ်းပေါ်မှာထားပစ်ပြီးထဲက အခုထိ စကားတစ်ခွန်းမှလာမပြောဘဲ တိတ်ဆိတ်စွာ လိုက်ပါလာကာ ခြံအနောက်ဘက်ကတောအုပ်ထဲကို ဝင်သွားတာ အခုထိ အရိပ်အယောင်တစ်ခုမှ မတွေ့ရသလို ခေကလည်း လေ့ကျင့်ကွင်းထဲမှာ...

တနုံ့နုံ့ဖြင့် မတင်မကျဖြစ်နေသည့်စိတ်က Whiteကိုဖုန်းဆက်ပြီး မေးရန်လည်း သူမနှင့်ကိုယ်ဟာ ဘာမှမတော်စပ်နေပြန်။

ဟူး....

တစ်သက်လုံး သွေးအေးလာခဲ့သည့်ကိုယ်က မင်းနှင့်မှ ရင်ဘတ်တစ်ခုလုံးက ပူလောင်နေရသည်။

သူ ဘယ်လောက်ထိ အိုဗာဖြစ်သွားရလဲဆိုတာ အလုပ်လုပ်ဖို့အာရုံမစိုက်နိုင်သော အထိပဲ။

ဝရံတာ‌မှာ ထွက်ထိုင်နေပြီး နောက်နေ့မှာ ခရီးထပ်ထွက်ရမည့် ရိုးသန့်နှင့်ခေ့အတွက် လုံခြုံရေး ထပ်တိုးသင့်မတိုးသင့်ကို ဂိုဏ်းချုပ်နှင့် ဆွေးနွေးနေသည့်ကိစ္စကိုလည်း ကြားရတစ်ချက် မကြားရတစ်ချက်နှင့် laptopကိုမကြည့်နိုင်ဘဲ အရှေ့က လမ်းမကြီးကိုသာ ခဏခဏမျှော်ကြည့်နေရသည်။

ထိုစဉ်...

မျက်စိတစ်ဆုံးတွင် မြင်နေလိုက်ရသည့် BMW X5 အဖြူလေးဟာ သူ့စံအိမ်နားကို တဖြည်းဖြည်းမောင်းဝင်လာတာကို ရပ်ကြည့်မိသည့်အထိ...

"ခရီးပန်းလာကြတာပဲ နားကြအုံး...."

သူ့ပုံရိပ်က စခရင်မှာမပေါ်လာတော့ ဦးကောင်းဆက်က နှုတ်ဆက်နေသဖြင့် သူလည်းလိုင်းပေါ်က ချက်ချင်းဆင်းလိုက်ကာ ဘေးခုံ၌ချထားသော သောက်လက်စစီးကရက်ကို လက်ကြားညှပ်ကာ တစ်ချက်ရှိုက်ပြီး အငွေ့တို့ကို စိမ်ပြေနပြေမှုတ်ထုတ်နေလိုက်သည်။
ခြံထဲကို ဝင်လာသည့်ကားထဲက လူတွေကို အကဲခက်ကြည့်နေ၏။

သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]Where stories live. Discover now