🍂PART 42🍂(Uni/Zaw)

11.8K 280 24
                                    

    🍂PART 42🍂

   မီးသတ်အာဏာပိုင်အချို့နှင့် ဧဒင်ဂိုဏ်းတို့ပူးပေါင်းပြီး လိုက်လံရှာဖွေနေသည်မှာ ဆယ်ငါးရက်ကြာနေ‌ပြီကာ Whiteကိုဘယ်နေရာမှမတွေ့သလို နောက်ဆုံး လက်လျှော့လိုက်ရမလိုဖြစ်နေသည်။

   နောက်ထပ်ဖြစ်နိုင်ချေရှိတာက ရေတံခွန်ကနေတလျှောက် ရေအတိုင်းမြောပါသွားမလားဟုဆိုကာ ရေကြောင်းတလျှောက် လိုက်လံရှာခဲ့ပြီး တွေ့လိုက်သောရုပ်အလောင်းတချို့ကလည်း Whiteမဟုတ်နေသဖြင့် အသက်ရှင်နေသေးသည်လို့ မျှော်လင့်ချက်တစ်ဝက်ရှိနေသော်လည်း တစ်ဝက်ကရှာမတွေ့သဖြင့် စိတ်ပူနေရပြန်သည်။

   ကံအကောင်းဆုံးက မီးလောင်သွားသည့်အထဲမှာ မပါသွားတာပဲ။ Whiteကို မီးနဲ့ထပ်မပတ်သက်စေချင်တော့...

   “ပျောက်တဲ့လူက ပျောက်သွားတယ်ဆိုပေမယ့် လုပ်စရာရှိတဲ့အလုပ်ကိုဆက်လုပ်သွားရမယ်။ Gaboonစံအိမ်နေရာကို မင်းဘာလုပ်ချင်လဲ နမ်”

    “ဧဒင်ပိုင်သွားတဲ့နေရာပဲဆိုတော့ အိမ်အသစ်ပြန်ဆောက်ပြီး နယ်မြေထပ်ချဲ့လိုက်တာပဲရှိတာပေါ့ Gaboonလက်အောက်ခံဂိုဏ်းသားတွေကို ဧဒင်ထဲပြန်ထည့်ဖို့တော့ စိတ်ကူးမရှိဘူး....
     ကျွန်တော်ကတော့ ဖမ်းချုပ်ထားတာထက် ဆက်မထားထားရင် ပိုကောင်းလိမ့်မယ်။ နောင်ဖြစ်လာမယ့်ပြသနာတွေက ကျွန်တော့်လို စိတ်ဆန္ဒပြင်းပြတဲ့ Vengeanceသမားမဖြစ်လာနိုင်ဘူးလို့ ပြောလို့မရဘူး။ အပြစ်ရှိတဲ့ကောင်တွေကိုကိစ္စဖျောက်ပြီး အပြစ်မရှိတဲ့ လူမမည်ကလေးတွေနဲ့ အမျိုးသမီးတချို့ကိုတော့ နေရာတစ်ခုချထားစေချင်တယ်”

“မင်း သဘောအတိုင်းပဲ စီစဉ်လိုက်"

    ဦးဆက်ကောင်းပြောပြီးထသွားသည့်အခါ သူနှင့်ခေသာ ကျန်ခဲ့၏။

“ဒဏ်ရာက သက်သာလား”

“အင်း  ဘာလို့အိမ်မပြန်လဲ”

“ဒယ်ဒီဘေးမှာ အဖော်ပြုပေးချင်လို့”

   ဖြူသန့် ဟိုဘက်အိမ်ရောက်ထဲက ခေအိမ်မပြန်လာမှန်းသိသည်။ ဖြူသန့်ကို စိတ်ခုနေမှန်းသိပေမယ့် သူတစ်ကိုယ်ကောင်းဆန်စွာ မသိသလိုနေခဲ့မိသည်။ ပြန်တွေးကြည့်လျှင် ခေနှင့်သူက ဂိုဏ်းသားအချင်းချင်းကိုမှ စိတ်ဝမ်းကွဲနေပြီမလားဟု တွေးမိလျှင် အားနာသွားပြန်၏။

သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]Where stories live. Discover now