သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance🍂PART 24🍂
"ကို့ကိုရော ချစ်လား"
"အင်း အရမ်း အရမ်းချစ်"
"ပြန်ချင်တဲ့အချိန်ပြော လိုက်ပို့ပေးမယ်"
"အွမ်"
ထိုအခါ ဖြူသန့်တို့မျက်လုံးသည် ပိုဝိုင်းသွားကာ ရှိသမျှသွားတို့အကုန်ပေါ်အောင် ရယ်ပြနေတော့ ဒီအပြုံးအောက်က လျှို့ဝှက်ချက်ကိုသူလန့်သွားမိ၏။
"မပြန်ချင်တော့ဘူး"
"ဘာာာာာ"
"ဟီး..ဟီး...."
ဘယ်လိုလုပ်ပြီး ပြန်ချင်မှာလဲ။ အချိန်ကို ကြည့်ဦးလေ...
ညနေစောင်းနေပြီဆိုတော့ ဒီအချိန်က ဘားတို့ကလပ်တို့မှာ Chillလုပ်လို့အကောင်းဆုံးအချိန်ကြီးကို ဖြူသန့် ဘာကိစ္စနဲ့အိမ်ထဲမှာ တစ်ယောက်ထဲ ပျင်းပျင်းကြီး အချိန်ကုန်ခံနိုင်မှာတုံးမဟုတ်ဘူးလား။
ကိုယ့်ချစ်သူက ကိုယ့်အကြိုက်တွေကို ပိုင်ဆိုင်ထားပြီး ဖွင့်လှစ်ထားတာကို ဒီအတိုင်းလက်ပိုက်ပြီးထိုင်မျှော်နေရတာက မမိုက်ဘူးလေ နော့်... မဟုတ်ဘူးလား။
ဒါတွေကို မြင်လို့ မော်လေးကိုတောင် အဖော်ခေါ်ထားသေးတာပဲက....
ဖြူသန့်တို့က ရှယ်ပလန်နဲ့ စိတ်ဆိုးလာတာလေ ဟွန့်....
"ဟိုဘက်မှာ ဒီအချိန်ဆို ဖွင့်နေပြီမလား"
သူ့သဲလက်ညှိုးထိုးရာ ညာဘက်ဟာ ဘာကိုထိုးပြနေလဲဆိုတာ တန်းသိလိုက်သဖြင့် သေချင်စိတ်ပေါက်သွားရသည်။
သက်ပြင်းကို အခါခါချပြီးမှ....
"အဲဒီတော့"
"ဖြူသန့်သွားချင်လို့ရလားဟင်......ဟွန် ဟင်"
ခါးစပ်ကအင်္ကျီကို အရုပ်လိုချင်လို့လူကြီးတွေဆီက ပူစာနေတဲ့ကလေးတွေအတိုင်း သူ့သဲက ချွဲပြနေပါတော့လျှင်...
"နော်... နန်းထက်နော်"
"မရဘူး"
"ဘာလို့လဲ"
ဆူထွက်လာသည့်နှုတ်ခမ်းလေးကို အမြန်လေး နမ်းပစ်လိုက်ချင်ပေမဲ့ သူအလျှော့ပေးလို့မဖြစ်သဖြင့် သူ့သဲသက်သာသွားတယ်မှတ်။ နို့မို့ဆို သူမကို ဘယ်အထိတောင်ချစ်ချင်နေဦးမလဲ မသိတော့ဘူး။ ဒီချွဲပုံနဲ့က သူလည်း သူ့ကိုယ်သူထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။
YOU ARE READING
သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]