🍂PART 20🍂(Uni/Zaw)

13.5K 291 9
                                    

🍂PART 20🍂

"မိန်းမ ရှင်ကျွန်မကို လျှိုထားတာ ထပ်ရှိသေးလား ပြောပါအုံး"

"ငါဘာလျှိုထားလို့လဲဟယ်"

"ဟဲ့.... နင် ဆိုင်မွန်ဆိုတဲ့လူကို အပြင်မှာတွေ့ခဲ့ဖူးတာကို ငါ့ကိုတစ်ခွန်းမှမပြောဖူးဘူးလေ။ ဘာလဲ အဲလူက နင့်အတွက်vipဖြစ်လာတော့မယ်လူလားပြော ကမ"

"ဖြစ်စရာလားဟယ် သူ့ဘေးနားမှာ မိန်းမတွေ ဒီလောက်ဝိုင်းနေတာဆို နင်ပြောတော့"

  ဆံထုံးထုံးပေးရန်ပြင်နေသည့် အလှပြင်ဝန်ထမ်းကို ခဏဆိုပြီးပြောပြီး မော်လေးဘက်ကိုလှည့်၍ လက်နှစ်ဖက်ကို အများကြီးဆိုသည့်ပုံစံပြတော့ ‌မော်လေးက မျက်စောင်းထိုးပါတော့၏။

"ငါပြောတာက ပြောတာပဲလေဟယ်။ နင်များကံထူးရှင်ဖြစ်နေမလားဆိုပြီး..."

"ဘာမှမကံထူးရှင်ဘူး ငါ့ဘာသာတောင်တိုင်ပတ်နေတာ သူ..."

   ချက်ချင်းစကားစတို့က ပြက်တောက်သွားရသည်။

     Inno Groupကပါတီကို သွားရန် Beauty Saloonတစ်ခုတွင် အလှပြင်နေခြင်းဖြစ်၏။

"အစ်မ ညီမကိုဆံထုံးမထုံးပေးဘဲနဲ့ မြင့်မြင့်လေး စည်းပေးပါလား"

"လုပ်ပေး‌မယ်နော် ညီမလေး"

"Thanks!!!"

"နင်ဆံပင်ချထားရင် ငါလည်းချမယ်ဟာ....."

"မချနဲ့လေ... နင့်ဝတ်စုံက ထုံးထားမှလှတာကို"

    ငယ်သူငယ်ချင်းနှစ်ယောက်က တစ်ယောက်ဘယ်လိုပြင်လျှင် ဘယ်လိုလှသွားမလဲဆိုတာသိနေတော့ အားမနာတမ်း ပွင့်ပွင့်လင်းလင်း ပြောလို့ရ၏။

"သူ နင့်ကိုလာကြိုမှာဆိုတော့ ဦးငယ်သိလား"

"ပြောပြလိုက်တယ်..... ပြောလိုက်တာနဲ့ဟယ် ငါ့ကို သူလာကြိုရင်အတူသွားလိုက်ဆိုလို့ ဦးငယ်က အရင်သွားလိုက်ပြီ"

"နင့်ဦးငယ်က ကမ္ဘာပေါ်မှာ အလိုက်သိတတ်ဆုံးလူသားပဲ... မိန်းမ.... နင့်ကို အားကျလိုက်တာ"

"အားကျမနေနဲ့ အဲဒါနဲ့ပတ်သက်ပြီး ငါ့ရုပ်က ပျော်နေတဲ့ပုံပေါက်လို့လား"

သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]Where stories live. Discover now