🍂PART 13🍂(Uni/Zaw)

12.9K 312 26
                                    

🍂PART 13 🍂

   ဒီနေ့ White ဒီအိမ်မှာမရှိဘူးဆိုတာနှင့် လူက အထီးကျန်သွားရသည်။

   ရိုးသန့်ရှိတုန်းက တစ်အိမ်လုံးမှာမှ သူတို့၏သက်တော်စောင့်တို့ ဘာတို့တောင် သူမကိုမကြည်နေသောကြားက အခုWhiteလည်း မရှိတော့ရော အားကိုးရာဆိုတာ တစ်ယောက်ထဲသာကျန်ပါတော့သဖြင့် ဒါကြီးကို တွေးမိတိုင်း စိတ်ညစ်သွားရသည်။

  ကိုယ့်ရုပ်ကိုကြည့်ပြီး ရိုးသန့်အင်္ကျီနှင့် နှစ်ပါးသွားနေရတာကိုစိတ်ညစ်နေကာ အထဲကအဝတ်အစားကို‌တော့ ခေဆိုသည့်မိန်းကလေးက စေတနာမပါ‌ပေမဲ့ ပေးရှာပါသည်။‌

"စေတနာရှိလို့မဟုတ်ဘူး.... ရိုးသန့်အစ်မမို့လို့ပေးတာ"

  သတဲ့......

   ဖြူသန့်အိမ်ရှေ့ရောက်သည်နှင့် တံခါးမကြီးကချက်ချင်းပွင့်လာသဖြင့် နည်းနည်း အံ့ဩသွားရသည်။

   မည်သူ့အကူအညီမှမပါဘဲ အိမ်ထဲကိုဝင်ရတာဆိုတော့ သူမအတွက် သူတို့တစ်ခုခုလုပ်ပေးထားတာပဲဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။

  ဘယ်အချိန်ထဲက လုပ်ပေးထားသလဲမသိ ကိုယ်တောင်မသိလိုက်ဘူး။

ကျည်ကာမှန်နှင့်အုတ်နံရံနှစ်ခုကို မျှဆောက်ထားသည့်စံအိမ်ကြီးဟာ ကျွမ်းကျင်သောဗိသုကာပညာရှင်တို့ကို ခေါ်ပြီးဆောက်ထားပုံရသည်။

  အပြင်ကကြည့်လျှင် သုံးထပ်ဟု ထင်ရသော်လည်း အထဲတွင် မြေအောက်ထပ်နှစ်ထပ်ပါ ထပ်ရှိသေးသည်သတဲ့။

  အဲဒါလည်း အိမ်နှစ်လုံးကို ကပ်ရပ်ဆောက်ထားကာ အလယ်မှာဆက်ထားသေးသည်။

    အောက်ဆုံးမြေညီထပ်နှင့် သုံးထပ်‌မြောက်က အားလုံမှာ အရေးကြီးဆုံးဖြစ်သဖြင့် ဖြူစင်သန့် တစ်ခါမှခြေဦးလှည့်ခွင့်မရှိ။

  ရိုးသန့်မရှိသည့်နောက် ရိုးသန့်အခန်းမှာသာနေပြီး သူတို့ဆီကိုသွားလျှင်တော့ အပေါ်ထပ်ကို တကူးတကသွားရသဖြင့် အခုဆို ဗိုက်ကလည်းဆာနေ၊ တစ်ယောက်ထဲစားဖို့လည်း မရဲနေသဖြင့် ဟိုလူကို အကူအညီ တောင်းမှဖြစ်တော့မည်။ စောစောက ချောကလက်လည်း ခဏလေးပဲစားရသေးတာကို ကုန်မြန်လိုက်တာမှ ဒီဗိုက်က...

သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]Where stories live. Discover now