🍂PART 32🍂(Uni/Zaw)

11.5K 283 14
                                    

🍂PART 32🍂

      ဖြူသန့်ကိုယ်တိုင်ဖုန်းဆက်ပြီး တွေ့ရအောင်ဟု ချိန်းဆိုထားသဖြင့် သူလည်းစိတ်လှုပ်ရှားပြီး ရင်ခုန်နေရသည်။

   Gaboon၏အရှင်သခင် ဖြစ်လာမည့်သခင်ကို သိနေလျက်ဖြင့် ဒီလိုအမိန့်ဆန်ဆန်လာပြောရဲသည့်သတ္တိက သူမတစ်ယောက်ထဲ၌သာ သူမြင်ဖူးသည်။

    နို့နှစ်ရောင်အင်္ကျီပါ်တွင် ကြက်သွေးရောင်ကုတ်ထပ်ဝတ်ထားပြီး အဖြူရောင်ဂျင်းပန်ကိုမှ လွတ်လပ်ပေါ့ပါးနေသည့်ဒီဇိုင်းနှင့် အမြင်အေးစေသည့် အရုပ်မလေးပမာ ဆွဲ‌ဆောင်မှုရှိနေသည်။

သူ ဖြူစင်သန့်ကိုစတွေ့ခဲ့ဖူးတာက ကော်ဖီဆိုင်ဟုတ်သလို ဒီတစ်ခါလည်းကော်ဖီဆိုင်မှာပါပဲ။

“ကိုနဲ့တွေ့ချင်ရတဲ့အကြောင်းကို ပြောပါအုံး”

  စီးကရက်ကိုကောက်ကိုင်ရင်း သူရှိုက်ပြီးဆိုလိုက်တော့ ဖြူသန့် ဟွန့်ခနဲမဲ့ချလိုက်သည်။

ဆိုင်အပြင်ဘက်ကနေရာမှာမို့သာ သူစီးကရက်သောက်လို့ ဖြစ်သွားတာ...

သူ့ရင်ခုန်နေမှုကို သူမကိုမမြင်စေချင်.....

   သာမန်စီးပွားရေးသမားတစ်ယောက် မဟုတ်တော့ဘဲ Gaboonကဆိုသည့်လူအနေနှင့်တွေ့ကြရသည်မို့ သူ့ပုံစံက လူမိုက်ဆန်နေသည်။

မာဖီယားတို့၏ဆင်တူသော DNAတို့ကထိုထိုတို့သော အပြုအမှု‌မျိုးတွေကြီးပဲလားမသိဘူး။

  ဟိုတစ်ယောက်လည်း အဲလိုပဲ အလကားနေစီးကရက်ကိုပဲ ဟန်ပါပါသောက်နိုင်ကြသေးသည်။

“ စကားကို ကွေ့ပတ်ပြီး မမေးချင်တော့ဘူး ဆိုင်မွန် ရှင် လူတွေကို အရှင်လတ်တတ်မီးရှို့ခဲ့ဖူးသလား”

  နိဒါန်း၊ စာကိုယ် ဘာတစ်ခုမှအစမပျိုးလာဘဲ မေးချလိုက်သည့်စကားကြောင့် သူသည်  တည်ငြိမ်နေသော ဖြူသန့်၏မျက်နှာလေးကို အတန်ကြာသည့်အထိ ငေးကြည့်နေမိသည်။ ပြီးမှခေါင်းတစ်ချက်ခါရင်း....

“မင်းဘာကိုပြောနေလဲဆိုတာ ကိုနားမလည်ဘူး”

“တစ်ယောက်ယောက်ရဲ့အိမ်ကို တစ်ယောက်ယောက်ရဲ့မိဘကို ရှင်သတ်ခဲ့ဖူးလားလို့မေးနေတာ ရှိခဲ့ဖူးပါတယ် ဟုတ်တယ်မဟုတ်လား”

သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]Where stories live. Discover now