🍂PART9🍂(Uni/Zaw)

14.2K 328 21
                                    

သူ့နှလုံးသားမှာ ခြေရာတွေနဲ့(Vengeance)

🍂PART9🍂

     အဖြူရောင်ရှပ်လက်ရှည်ကိုမှ အပေါ်ဆုံးကြယ်သီးတစ်လုံးကိုချန်ပြီး အပြည့်တပ်လိုက်၏။

    အပေါ်ကနေအနက်ရောင် sweater vestတစ်ထည်ကို ကောက်စွပ်လိုက်ပြီး ရှပ်လက်ရှည်ကိုတော့ တံတောင်ဆစ်အထိ ထပ်ခေါက်တင်လိုက်၏။ မွေ့ရာပေါ်တွင် တင်ထားသည့်အနက်ခြောက်ရောင် Alexander Christieနာရီကို ကြိုးတပ်လိုက်၏။ ပြီနောက် မျက်ခုံးမွှေးပေါ်သို့ ပြိုကျလာ‌သော ပျော့ပျောင်းပြီး ရေစက်အနည်းငယ် စို‌နေသောဆံနွယ်ကို တစ်ချက်နှစ်ချက်သပ်တင်ကာ ဒီအတိုင်းဖွင့်ထားဆဲ Laptopကိုကိုင်ရင်း သူမရှိနေသည့် Whiteအခန်းဘက်သို့ ဦးတည်လျှောက်သွားသည်။

ညက သူနှင့်Whiteတို့ အခန်းတစ်ခန်းထဲမှာ အတူအိပ်စက်ရလိမ့်မည်လို့ ယောင်လို့တောင်မတွေးကြည့်ဖူးဘူး။

နဖူးပေါ်ကိုလက်တင်ကာ စမ်းလိုက်လျှင် ညကလောက် ကိုယ်ပူရှိန်မဆိုးလှ။

"ဟွန်း...."

   ခါးအစပ်နားတွင် လျှော‌ကျနေသောစောင်ကို ရင်ဘတါပေါ်အထိ အသာလေးဆွဲတင်ပေးနေစဉ် ညည်းသံလေးထွက်လာပြီး နွေးနေသောလက်တစ်ဖက်က သူ့လက်ကိုဖက်လုံးဆွဲသလိုဆွဲချလိုက်တော့ လူကမရုန်းမိဖြစ်ဘဲ သူမကိုဖိမိမှာဆိုး၍သာ အခြားလက်တစ်ဖက်က မွေ့ရာပေါ်ကို သွားထောက်မိ‌တော့၏။ အနေအထားက ကုန်းကုန်းကွကွ ဖြစ်သွားရသည်။

    မေးရိုးကို လာရောက်ရိုက်ခက်နေသည့် အသက်ရှူ‌နေသောလေငွေ့၏ အပူရှိန်ကြောင့် အကြည့်တို့ကို ခေါင်းရင်းဘက်ကို ပို့ထားရသည်။

    မကြည့်ချင်ဘူးဆိုသည်ထက် မကြည့်ရဲသာဆိုတာ ပိုမှန်လိမ့်မည်။

တစ်က္ကန့် ....

နှစ်စက္ကန့်....

    တဖြည်းဖြည်းရင်းနှီးလာရသည့် အကွာအဝေးကို ငုံ့ကြည့်မိတော့ အိပ်စက်နေသောမျက်နှာဝင်းဝင်း‌လေးဟာ ပကတိရှင်းသန့်နေကာ အစိတ်အပိုင်းတစ်ခုချင်းဆီကို မျက်တောင်မခက်တမ်း လိုက်ငေးကြည့်နေမိသည်။

   အနည်းငယ်ထူနေသယောင် ဖြစ်နေသောမျက်ခုံးမွှေးတို့အောက်တွင် ရှည်လျားပြီးအောက်ဘက်သို့ အနည်းငယ်ဆောင်းကျနေသည့်မျက်တောင်မွှေး....

သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]Where stories live. Discover now