Ch-2 :သယ်ယူပို့ဆောင်ရေး
အိပ်ဆောင်ကို ကျောင်းတံခါးနှင့်ပုံစံတူရောင်စုံဆိုက်ဘာပန့်ခ်ပုံစံမျိုးဖြင့် တည်ဆောက်ထားသည်။
လင်းရှင်းဟယ် သည် ဤအခိုက်အတန့်တွင် အလွန်ငြိမ်သက်နေမိသည်။အခု အာကာသထဲက အဆောက်အဦးတွေ ရှိနေရင်တောင် အံ့သြမိမည် မဟုတ်ချေ။
အိပ်ဆောင်အ၀င်ဝတွင် လုံခြုံရေးအစောင့်မရှိ။တိတ်ဆိတ်နေသည်။
လင်းရှင်းဟယ် သည် ဆိုင်းဘုတ်များကိုလိုက်ရှာရင်း အခန်း 303 ကို အလွယ်တကူ ရှာတွေ့ခဲ့သည်။
တံခါးကို သတ္တုဖြင့် ပြုလုပ်ထားပြီး အပေါ်ဘက်ခြမ်းရှိ မှန်အလွှာကွဲသွားကာ အက်ကြောင်းများမှာ ပင့်ကူမျှင်ကဲ့သို့ပျံ့နှံ့သွား၏။အောက်ပိုင်းတစ်ဝက် ခြစ်ရာများကို သတင်းစာများဖြင့် ဖုံးအုပ်ထားပြီး တံခါးပေါ် တွင်အစိမ်းရောင်နှင့် ခရမ်းရောင်မီးရောင်များဖြင့်စီတန်းထားသည်။
အခန်း 304 နှင့် အခန်း 305 ၏ပုံစံများမှာ ပုံမှန်ရိုးရိုးသစ်သားတံခါးတွေဖြစ်သည်။
လင်းရှင်းဟယ်သည် တစ်စက္ကန့်မျှ ငြိမ်သက်နေပြီး အကြောင်းအရာများကို တည်တည်ငြိမ်ငြိမ် လက်ခံခဲ့သည်။
သူမ တံခါးလက်ကိုင်ကို ကိုင်၍ရှေ့သို့တွန်းဖွင့်လိုက်သည်။တံခါးပွင့်လာသည်။
သူမ၏အခန်း သည် တစ်ယောက်ခန်းဖြစ်သည်။ကံကောင်းထောက်မစွာဖြင့် အတွင်းခန်းသည် တံခါးပေါက်ကဲ့သို့ ပုံစံတူဒီဇိုင်းမဟုတ်ပေ။သာမန်ခေတ်မီပုံစံဖြင့် အလှဆင်ထားသည်။16 စတုရန်းမီတာခန့်သာရှိပြီး သေးငယ်သောအဆင့်မြင့်တိုက်ခန်းယူနစ်နှင့် ဆင်တူသည်။သေးငယ်သော်လည်း နည်းမျိုးစုံဖြင့်ပြီးပြည့်စုံသည်။အဝင်ပေါက်တွင် မိုက်ခရိုဝေ့ဖ်တစ်ခု တပ်ဆင်ထားသော မီးဖိုချောင်ရှိသည်။
ဗီရိုကိုဖွင့်လိုက်သောအခါ အသုံးပြုရန် အသင့်ဖြစ်နေသော အိုးများနှင့် ဒယ်အိုးများ ပြည့်နေသည်ကို တွေ့ရသည်။
လင်းရှင်းဟယ်သည် စားပွဲပေါ်တွင် လူသစ်လက်စွဲစာအုပ်ကို ရှာတွေ့ခဲ့သည်။လက်ကိုင်ဖုန်း၊လက်ပ်တော့တစ်လုံးနှင့် စိမ်းပြာရောင်လက်ကောက်တို့ပါရှိသော လက်ဆောင်သေတ္တာတစ်ခုလည်း ရှိသည်။

YOU ARE READING
ဗီလိန်ကျောင်းတော် သို့ ဝင်ခွင့်ရခဲ့တယ်
RomanceI Was Admitted To The Villain School. Status in Coo- 188 Chapter. Webnovel. Paid-completed.