Ch-37: နှင်းတောင်နှင်းဆီ (14)

587 87 0
                                        

Chapter 37: နှင်းတောင်နှင်းဆီ (14)

ဖုကျန့် လည်း ဒါကိုသိသည်။

အပျော်စီးသင်္ဘောပေါ် ရှိ ဘယ်ကျောင်းသားမှ နှင်းတောင်နှင်းဆီဘယ်လိုပုံစံဆိုတာ မသိမည်ကို စိုးမိသည်။

ဖုကျန့်၏လက်တုန်ယင်နေကာ ပြောလိုက်သည်။"လူတိုင်းက မင်းကို Koi နတ်ဘုရားမ လို့ပြောကြတယ်။မျှော်လင့်ထားသလိုပဲမင်း သဲလွန်စကို ရှာနိုင်တယ်မလား?ဒီပန်းချီရဲ့အဓိပ္ပာယ်က ဘာများလဲ? နန်းတော် ရှိတယ်၊သတို့သမီးရှိတယ်၊နှင်းတောင်နှင်းဆီလည်းရှိတယ် .. ငါတို့ဒီကနေ နှင်းတောင်နှင်းဆီကို ဘယ်လိုရှာကြမလဲ?"

ဖုကျန့် တခဏစဥ်းစားမိပြီး မှားယွင်းသလိုခံစားလိုက်ရသည်။"သို့ပေမဲ့ ဒီအပျော်စီးသင်္ဘောနဲ့ဘာလုပ်မလို့လဲ? ပင်လယ်ဘီလူးတွေကကော ဘာတွေလဲ?ငါတို့ သတို့သမီးကိုဘယ်နေရာက ရှာရမလဲ? ဒါမှမဟုတ် တစ်စုံတစ်ယောက်ကိုသတို့သမီးလုပ်ခိုင်းရင် နှင်းတောင်နှင်းဆီ ပေါ် လာမှာလား?"

"ကျွန်မ စဥ်းစားမိတယ်.."

"ဘာ?"

"စာမေးပွဲမေးခွန်းမှာ သဲလွန်စရှိတယ် မှတ်မိလား? 'နှင်းတောင် နှင်းဆီကို ရှာပါ'၊ အဲဒါက နောက်ပိုင်းကျရင် သဲလွန်စပေးတယ်။စာမေးပွဲခန်းထဲနှင်းတောင်နှင်းဆီ ၅၀ ပဲရှိတယ်။ပန်းချီထဲမှာ ၅၀ထက်ပိုနေတယ်။ကျွန်မ အကြမ်းပြင်းရေတွက်ကြည့်လောက် ၁၀၀လောက်ရှိတယ်.. ၁၀၀ လောက်ဖြစ်လောက်တယ်.."

ဖုကျန့်လည်း ရေတွက်ကြည့်သည်။

"ဒါဆို နှင်းတောင်နှင်းဆီ အပွင့် ၅၀ ကပဲ အစစ်လား? ငါတို့ ပင်လယ်ပန်းခင်းထဲ နှင်းတောင်နှင်းဆီကို ရှာဖို့လိုအပ်တာများလား?"

"သဲလွန်စမလုံလောက်သေးဘူး တခြားသဲလွန်စတွေကိုရှာကြစို့ ရှင့်မှာ သိုလှောင်လက်စွပ်ရှိတယ်မဟုတ်လား ? သိမ်းထားလိုက်ဦး"

ဖုကျန့် သိုလှောင်လက်စွပ်ထဲမသိမ်းခင် လင်းရှင်းဟယ် သည် ဓာတ်ပုံရိုက်ယူလိုက်သည်။ပန်းချီအနောက်၌ ဖုံးကွယ်ထားသော အခန်းတံခါးတချပ်ရှိသည်။

တံခါးသည် သတ္တူအမျိုးအစားတစ်မျိုးဖြစ်သည်။အနက်ရောင်သံမဏိ ဖြစ်ပုံပေါ် ပေမဲ့ အနက်ရောင်သံမဏိမဟုတ်ပေ။လက်ထိပ်နှင့်ထိချိန်အေးစက်မှုကိုခံစားရသည်။

ဗီလိန်ကျောင်းတော်  သို့  ဝင်ခွင့်ရခဲ့တယ်Donde viven las historias. Descúbrelo ahora