Ch-19 : နှင်းမိန်းကလေး-15
ညဘက်သိပ်မနောက်ခင် မြို့တော်ဝန်၏မိန်းမနှင့်သမီးတို့ hot pot ပို့ရန် ရောက်လာသည်။လင်းရှင်းဟယ် နောက်ဆုံး ချိုးဖောက်မှုက ဘယ်နေရာလဲဆိုတာ ရှာတွေ့ခဲ့သည်။
သခင်မကျား၏ သမီး လာတိုင်း နှင်းမိန်းကလေး သည် ပန်းရောင်ကျောက်စိမ်းဘေဘီလေးကို စိုက်ကြည့်နေကာ သခင်မကျား၏ နှလုံးသားကို အချိန်တိုင်း ဆောင့် တက်စေခဲ့သည်။သို့ပေမဲ့ နှင်းမိန်းကလေး သည် ဒီကမ္ဘာတွင် ကလေးများကိုအမုန်းဆုံးဟု ပြောခဲ့သည်။
သို့ပေမဲ့ သူမ မျက်ဝန်းတွေက မုန်းတီးရွံ့ရှာမှုမရှိတာ ရှင်းလင်းသည်။ပြောရရင် သူမက နူးညံ့တက်သွားသည်။
ဤဆန့်ကျင်ဘက်ကွဲလွဲမှုသည် ချိုးဖောက်မှုဖန်တီး၏။
တချိန်တည်းမှာပင် လင်းရှင်းဟယ် နားလည်သွားတာကတစ်ခုက နှင်းမိန်းကလေး ပေါ်လာတည်းက ရှောင်ရှဲ့ဂျီလေး မပေါ်လာတာ အတော်ကြာပြီဖြစ်သည်။လင်းရှင်းဟယ် ၏ ရှောင်ရှဲ့ဂျီ၏ ထိတ်လန့်နေသည့်ဖော်ပြချက်ကိုတွေးနေမိသည်။ထိုကလေး သူမအရှေ့ မပေါ်လာတော့။သူမကလည်း ကိစ္စတစ်ခုမရှိမချင်း ရှောင်ရှဲ့ဂျီလေးကို အစပြုပြီး သွားကြည့်တာမရှိပေ။
အခု ရက်အနည်းငယ်ကုန်ဆုံးသွားပြီ ဖြစ်သည်။ဖုန်းအားကလည်း ကုန်လောက်ပြီ။
ရှောင်ရှဲ့ဂျီက ကြောက်မက်ဖွယ်ရုပ်ရှင်အသစ်ကြည့်ချင်ရင် သူမဆီ လာသင့်သည်။အခု တိတ်ဆိတ်နေပြီး ဗီလာထဲ ထိုကလေး မတည်ရှိသလိုပင်။
လင်းရှင်းဟယ် သည် ရှောင်ရှဲ့ဂျီရဲ့အခန်းကိုသွားခဲ့သည်။ရှောင်ရှဲ့ဂျီ အိပ်ခန်းထဲမရှိသည်ကိုရှာတွေ့ခဲ့သည်။
သူမ ဗီလာတစ်ခုလုံးပတ်ရှာဖွေခဲ့သော်လည်း ရှောင်ရှဲ့ဂျီ၏အရိပ်အယောင်မရှိခဲ့ပေ။
လင်းရှင်းဟယ်၏ အတွေးပျောက်ဆုံးနေ၏။- ရှောင်ရှဲ့ဂျီနှင့်နှင်းမိန်းကလေးကြား က ဆက်ဆံရေးက ဘာလဲ?
ရှောင်ရှဲ့ဂျီလေး သည် နှင်းမိန်းကလေးကို ကြောက်သည်။နှင်းမိန်းကလေး သည် ကလေးငယ်များကိုမုန်းတီးသည်ဟုဆိုသော်လည်း တကယ်တော့ သူမ၏ခန္ဓာကိုယ် အရမ်းရိုးသားနေခဲ့သည်။ရှောင်ရှဲ့ဂျီလေးကနှင်းမိန်းကလေးရဲ့သမီးများလား?
![](https://img.wattpad.com/cover/235042658-288-k703576.jpg)
CZYTASZ
ဗီလိန်ကျောင်းတော် သို့ ဝင်ခွင့်ရခဲ့တယ်
RomansI Was Admitted To The Villain School. Status in Coo- 188 Chapter. Webnovel. Paid-completed.