Ch-33: နှင်းတောင်နှင်းဆီ (10)

525 66 0
                                    

Chapter 33: နှင်းတောင်နှင်းဆီ (10)

လင်းရှင်းဟယ် သည် တာဝန်ကိုမိုးကြိုးလေးကိုပေးပြီးနောက် ရှောင်ရှဲ့ဂျီနှင့်အခန်းထဲမှထွက်သွားတော့မည်ဖြစ်သည်။

" လန်ရှီရန် ဆီ သွားဦးမယ်"

"မင်း အရင်သွားရှာနှင့် ငါ မိုးကြိုးလေးကို ပြောစရာရှိသေးလို့ ပြီးရင်မင်းကိုလာရှာမယ် မင်းတစ်ယောက်တည်းဖြစ်လား?"

"အပြင် မှာ တစ္ဆေ တွေ ရှင်းလင်းနေတာပဲဟာ ဘာမှကြောက်ဖို့မလိုဘူး"

ဖုကျန့်သည် လင်းရှင်းဟယ် တွင် အံ့ဩဖို့ ရှောင်နိုင်သောစွမ်းရည်100% ရှိသည်ကို အမှတ်ရသွားသည်။

"အိုကေ မင်းအရင်သွားနှင့်..." သို့ပေမဲ့ သူ၏စကားမဆုံးခင် သူ့နှလုံးသားထဲ ပူပန်စိတ်များမြင့်တက်လာပြန်သည်။

သူ မိုးကြိုးလေးဘက် ဗလာသပ်သပ်စိုက်ကြည့်လိုက်သည်။မိုးကြိုးလေး သည် ထိုနေရာတွင် သူ၏မြွေခန္ဓာကိုယ်လေးကိုခါယမ်းပြနေ၏။

ဖုကျန့်: "..."

သို့ပေမဲ့ ကလေးအတွေးက ဒီလိုပင်။ဖုကျန့် တွင် ရွေးချယ်စရာမရှိပဲ သူ၏စကားလုံးကို ပြောင်းလဲလိုက်တော့သည်။"ငါ့ မှာ ပြောစရာမရှိတော့ပါဘူးလေ ငါ မင်းနဲ့အတူ လန်ရှီရန်ဆီလိုက်ခဲ့မယ်"

မိုးကြိုးလေး စိတ်အားထက်သန်စွာခေါင်းညိတ်သည်။ရံဖန်ရံခါ ရှောင်ရှဲ့ဂျီကို ကြည့်နေသည်ကိုသိသွားမှာ စိုးသည့်အလား တိတ်တဆိတ်စိုက်ကြည့်သည်။ထို့နောက် သူအကြည့်ကိုလျင်လျင်မြန်မြန်ပြန်ရုတ်ကာ ဘာမှမဖြစ်သလိုမျိုး သူ၏မြွေခန္ဓာကိုယ်လေးကိုခါယမ်းနေတော့သည်။

ဖုကျန့်: "..." 'ငါ ဘာပြောရမှန်းမသိတော့ဘူးကွာ'

ဖုကျန့် သူ့သားကိုမကြည့်တော့ပဲ လင်းရှင်းဟယ်နှင့်အတူထွက်လာခဲ့တော့သည်။တံခါးပိတ်ချိန် လင်းရှင်းဟယ် လန်ရှီရန်ကိုမြင်လိုက်သည်။

သူမသည်ခေါင်းငုံ့ကာနံရံဘေး ငြိမ်သက်စွာရပ်နေသည်။သူမ၏ခန္ဓာကိုယ်သည် တစ္ဆေများထက်များစွာ ပိုလင်းထိန်ပြီး နေ့ဘက်အချိန်တွင် တစ္ဆေဖြစ်လာသော ဝိညာဉ်များလောက် မကောင်းမွန်ပေ။သူမ သည် အစိမ်းရောင် အလင်းတန်းတစ်ခုလိုပင်။မီးခိုးတွေက အချိန်မရွေး လွင့်တော့မည့်ပုံပေါ်သည်။

လင်းရှင်းဟယ် သည် ညင်သာစွာအော်ခေါ် လိုက်သည်။"လန်ရှီရန်?"

လန်ရှီရန် သည် ခေါင်းမော့လာကာ လင်းချင်းဟယ်ကိုမှုပ်ကုပ်ကုပ်လေး ကြည့်နေ၏။

လင်းရှင်းဟယ် သည် သူမကို 'နင်သာ သတ်မသေပဲ နေခဲ့ရင် နောက်ခြေတလှမ်းလောက်ကျရင် ကယ်တင်ခံရမှာ'ဟုပြောပြချင်မိသည်။သို့ပေမဲ့ သူမကိုကြည့်ရင်း ပြောမည့်စကားလုံးသည် သိပ်နာကျင်လောက်မည်ဟုခံစားမိသည်။အဆုံးသတ်၌ ဘာမှမပြောတာအကောင်းဆုံးဖြစ်သည်။

သူမ အလွန်ဖော်ရွေသောအပြုံးဖြင့် ပြောလိုက်သည်။"စကားပြောဖို့နေရာရှာကြမလား?"

"အစ်မ ညီမရဲ့ ခန္ဓာကိုယ်ကို အခန်းထဲတင်ခဲ့တယ်။သင်္ဘောဆိပ်ကမ်းမှာရပ်ရင် ညီမရဲ့ခန္ဓာကိုယ်ကိုပြန်ပို့ပေးမယ်။" သူမ တခဏစဥ်းစားကြည့်သည်။သင်္ဘောဆိပ်ကမ်းတွင်ရပ်ချိန်သည် စာမေးပွဲအဆုံးသတ်ချိန် ရောက်လုနီးနီးရှိချိန်ဖြစ်သည်။သူမ၏ခန္ဓာကိုယ်ကိုအချိန်တိုအတွင်း ပြန်ပို့ပေးဖိုမဖြစ်နိုင်ချေ။

"ဒါမှမဟုတ် သင်္ဘောပေါ် ကတစ္ဆေတွေရှင်းလုနီးပါးဖြစ်ချိန် ခြိမ်းခြောက်မှုတွေထပ်မရှိချိန် ညီမ ရဲ့ခန္ဓာကိုယ်ကို ကုန်းမြေပေါ် ပြန်ပို့ပေးမယ်"

လန်ရှီရန် နောက်ဆုံး တီးတိုးစကားဆိုသည်။"ကျေးဇူး"

သူမ လင်းရှင်းဟယ် ကိုဗလာသပ်သပ်စိုက်ကြည့်ကာ ကို့ရို့ကားယားပြောလာသည်။ "ညီမ ညီမ က အသုံးမကျပါဘူး ဘာမှမလုပ်နိုင်ခဲ့ဘူး ညီမ က အားအနည်းဆုံးတစ္ဆေတစ်ကောင်ပဲ ညီမ အတွက်ညီမ တောင် လက်စားမချေနိုင်ဘူး ညီမ မလုပ်နိုင်ဘူး အစ်မကိုကူညီဖို့"

"ညီမလေး မင်း ကိုယ်မင်းလျော့ မတွက်နဲ့ လူတိုင်း မှာ မကန့်သတ်ထားတဲ့ဖြစ်နိုင်ချေရှိတယ်။မင်းကိုယ်မင်း ပိတ်လှောင်ပြီးဖုံးကွယ်မနေနဲ့ လာခဲ့ အတူထိုင်ပြီး စကားပြောစို့" 


ဗီလိန်ကျောင်းတော်  သို့  ဝင်ခွင့်ရခဲ့တယ်Dove le storie prendono vita. Scoprilo ora