Ch-43: နှင်းတောင်နှင်းဆီ (20)-2

489 57 0
                                    

Ch-43: နှင်းတောင်နှင်းဆီ (20)-2

သူ သည်သေးငယ်သောသေတ္တာလေးကို နေရာတွင်ပြန်ထားလိုက်သည်။

လင်းရှင်းဟယ် သည် အန်သိုနီ၃ သည် စိတ်ဝေဒနာသည်နှင့်တူသည်ဟုခံစားမိသည်။

ဘုရင်အန်သိုနီ၃ ထွက်သွားပြီးနောက် သူမ မထင်မရားရတနာသေတ္တာလေးကိုစစ်ဆေးဖို့လျှောက်လာသည်။သေးငယ်သော သေတ္တာလေးသည် တောက်ပရက်ရောသော ရတနာအပုံလိုက်ထဲအလွန်ရိုးရှင်းစွာရှိနေပြီး သာမန်သံသေတ္တာတစ်လုံးနှင့်တူသည်။

သေတ္တာထဲတွင် ထောင့်နှစ်ခုရှိကာ တစ်ခုသည် မီးလင်းပြီးနောက်တစ်ခုသည်မှောင်နေသည်။

လင်းရှင်းဟယ် မှ အမှောင်ဘက်ကို ပေါ့ပေါ့ပါးပါးထိလိုက်သည်နှင့်တောက်ပသော ဘက်ခြမ်းသည်တချိန်တည်းမှောင်ကျသွားသည်။

သူမသတိကပ်သွား၏။သူမသည် ဘာကြောင့်လဲကိုရှာမတွေ့ပါ။သူမ ဒီအတိုင်းသာ ထားလိုက်သည်။

သူမသည်သံသေတ္တာကို ပြန်ထား၍ တားမြစ်နယ်မြေမှထွက်လာခဲ့သည်။

သူမအနားယူသောနေရာကိုပြန်ရောက်ချိန် အစ်ကို၉ သည် ကိုယ်တိုင်လုပ်ထားသော ခွေးခေါင်းကြီးကိုဝတ်ဆင်ကာ စောင်ခြုံထားပြီး ကမာခွံအိပ်ရာပေါ် ထိုင်နေသည်။

အကြည့်တချက်နဲ့တင်လင်းရှင်းဟယ်သည် ကြီးမားသောခွေးခေါင်းကြီး အိပ်ရာပေါ် မှ ဆင်းလာသည်နှင့်တူသည်ကို တွေ့ရသည်။

"အစ်ကို ....?"

အစ်ကို၉ သည်နောက်ဆုံး ခွေးခေါင်းကိုချွတ်၍ပြောလိုက်သည်။"ပင်လယ်ဘီလူးခေါင်းဆောင်က တစ်စုံတစ်ယောက်ကိုလွှတ်ပြီး မင်းကိုမေးတယ်။မင်းမရှိတော့ ငါ က မင်းလိုဟန်ဆောင်ရတာပေါ့။ဝမ်ဒီမမြင်သွားဘူး"

အစ်ကို၉ သည် ခွေးခေါင်းကိုလင်းချင်းဟယ်၏ခေါင်းပေါ် တင်ပေးကာ ဆက်ပြောတယ်။"မင်းဆေးကြောနေလို့ လာခဲ့မယ်လို့ပြောထားတယ်။အခုအချိန်ဆိုအတော်ပဲ.."

"အိုကေ ကျွန်မ ဟာ ကျွန်မသွားမယ်။ဒီမှာနေခဲ့လေ ရှင်ကောင်းကောင်းအနားယူ အိပ်တာနောက်ကျရင် ဆံပင်ဆုံးရူံးဖို့လွယ်ကူတယ်.."

အစ်ကို၉ သည် နွေးထွေးသွားကာ မတက်နိုင်ပဲ လင်းရှင်းဟယ်ကိုအကြိမ်အချို့ ကြည့်နေ၏

သူမ ကြီးမားခွေးခေါင်းကိုဝတ်ဆင်ထားတာနှာမြောစရာပဲ။သူမ အပြုအမူကို မမြင်ရပေ။

အစ်ကို၉ လေးလေးနက်နက်ပြောလာသည်။"ငါ့ ဆံပင်နဲ့ပတ်သက်လို့ တွေးပေးတာ မင်းက ပထမဆုံးပဲ။အနာဂတ်မှာ မင်း ငါ ရူဒေါရဲ့အကူအညီကိုလိုအပ်ခဲ့ရင် ပြောသာပြောလိုက်.."

လင်းရှင်းဟယ် သည် မြွေစိမ်းလေးအဖြစ်ပြောင်းလဲသွားသော ရှောင်ရှဲ့ဂျီနှင့်အတူ အန်သိုနီ၃ ဆီထွက်လာခဲ့သည်။

အန်သိုန ၃ သည် ပင်မခန်းထဲ၌အရင်ကနှင့်မတူစွာရှိနေသည်။ထိုအချိန်တွင် အထဲတွင်စားပွဲနှစ်ခုတည်ခင်းထားကာ ဝိုင်အချို့ နှင့်ဟင်းပွဲတချို့ ရှိသည်။အန်သိုနီ၃သည် တားမြစ်နယ်မြေကိုမရောက်ခင်အချိန်တုန်းနှင့်မတူပါ။အခု သူ သည် ပိုပိုခံ့ညားသည်။

ထိုင်ချပြီးနောက် လင်းရှင်းဟယ် သည် ဝိုင်နှင့်စားပွဲပေါ် က ဟင်းသီးဟင်းရွက်များကို ယူကာအနီးကပ်ကြည့်သည်။ကုန်းမြေကနှင့်မကွဲပြားသည်ကိုရှာတွေ့ပြီး လီလစ်ဖ်နှင့်မားရှောင်မိန်တို့ လွှမ်းမိုးမှုကြောင့် ဖြစ်လောက်သည်။

သူမ တိတ်တဆိတ်ညည်းတွားသော်လည်း အန်သိုနီ၃ သည် ဘာစဥ်းစားနေသလဲ မမေးပေ။

သူမ အပြုံးဖြင့်မေးလိုက်သည်။"သောက်တက်လား?"

အန်သိုနီ၃ သည် လူသားပြုလုပ်ထားသောဝိုင်ကိုကြိုက်သည်။သူလောင်းထည့်နေစဥ် လင်းရှင်းဟယ်၏အမေးကိုကြားပြီး ချက်ချင်းပါးစပ်ဖွင့်ကာပြော၏။"ဒီပင်လယ်ကြမ်းပြင်အောက် ကျုပ်ထက်သောက်တဲ့လူမရှိဘူး"

"ဒီဘုရင်လည်း သောက်တဲ့နေရာအရမ်းတော်တယ်။ဒီဘုရင်ကို ယှဥ်သောက်နိုင်သူမရှိသေးဘူး ? ငါတို့ ဘယ်သူပိုကောင်းသလဲ ယှဥ်မလား?"

"ကောင်းပြီ! "

လင်းရှင်းဟယ် စကားတခွန်းမဆိုပဲ ဝိုင်ခွက်မယူကာ ခွေးခေါင်းထဲသို့ လောင်းထည့်လိုက်သည်။ပြောရရင် ခွေးခေါင်းသည် ၃ မီတာမြင့်သည်။

ဘုရင် အန်တိုနီတွင် ဘယ်လောက်ပဲကောင်းကောင်း ၃ မီတာအစာအိမ်မရှိပါ။တနာရီကြာပြီးနောက် ဘုရင်အန်တိုနီ၃ သည် ဘာဘရာဘုရင် သောက်နေသည်ကိုမြင်ပြီး ချက်ချင်း ယုံကြည်သွားတေ့ာသည်။

ဗီလိန်ကျောင်းတော်  သို့  ဝင်ခွင့်ရခဲ့တယ်Where stories live. Discover now