Ch-27 : နှင်းတောင်နှင်းဆီ (4)

620 90 0
                                    

Ch-27 : နှင်းတောင်နှင်းဆီ (4)

တိုက်ဆိုင်မှုတစ်ခုပင်။

ထိုအချိန် အိမ်ထိန်းမျက်ဝန်းဖွင့်လာကာ လှုပ်ရှားလာ၏။လင်းရှင်းဟယ် သည် ရှောင်ရှဲ့ဂျီလေးကိုပျော်ပျော်ရွှင်ရွှင်ကန်ရင်း 'အလောင်းမဟုတ်'သော အိမ်ထိန်းလင်းနှင့်ပျော်ပျော် ရွှင်ရွှင်တွေ့ဆုံသည်။

သူမသည် အိမ်ထိန်းလင်း မသေသေး ဟု ထင်မိပြီး အိမ်ထိန်းလင်းထက်မြန်မြန်လှုပ်ရှားလိုက်သည်။ကော်ဖီစားပွဲပေါ် ရှိ အသီးလှီးဓားဖြင့် သူ့နှလုံးသားထဲ စိုက်သွင်းလိုက်သည်။

ပထမဆုံးတခေါက် နှင်းမိန်းကလေးကိုစိုက်သွင်းချိန်လို လင်းရှင်းဟယ်၏လှုပ်ရှားမှု အလွန်ကျွမ်းကျင်နေ၏။

သို့ပေမဲ့ သူ့နှလုံးသားထဲထိုးသွင်းချိန် အသီးလှီးဓားသည် သူ့ခန္ဓာကိုယ်ထဲ ဖြတ်သွားကာ ကော်ဇောဆီ ထိုးစိုက်သွား၏။အိမ်ထိန်းသည် မြေပြင်ပေါ် မှဖြေးဖြေးချင်းထထိုင်၍လင်းရှင်းဟယ်ကိုစိတ်အားထက်သန်သောအပြုံးဖြင့်ဆိုသည်။"မင်းကို တစ်ခုခုဝန်ဆောင်မှုပေးရမလားခင်ဗျာ ?"

လင်းရှင်းဟယ် ကြောင်အသွားကာ တည်တည်ငြိမ်ငြိမ်ဆိုသည်။"ရှင့်ရဲ့ဝန်ဆောင်မှု တကယ်ကောင်းတယ်။ရှင့်ကို ကျွန်မ ကြယ် ၅ ပွင့်ချီးမြှင့်မှုပေးတယ်။ရှင် ဒီလိုလုပ်နိုင်ဖို့ ဘယ်လိုလေ့ကျင့်ထားသလဲ? လူတစ်ယောက်က ရှင့်ကိုထိုးသွင်းတာတောင် ရှင်စိတ်အားထက်သန်သေးတယ်နော်။ရှင့် စိတ်သဘောထားရိုးရှင်းလိုက်တာ။ဒီလိုပုံစံမျိုးက ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းမှာ စံပြမော်ဒယ်ပဲ။ရှင့်ပရော် ဖက်ရှင်နယ်ဆန်မှုကို ကျွန်မဖျက်ချင်မိတယ်!ရှင့်ရဲ့ပရော်ဆန်ရှင်နယ်ကျင့်ဝတ်အပေါ် တံခွန်တစ်ခုတောင် ပို့ပေးချင်လာတယ်! ကျွန်မရဲ့ဘဝတလျှောက် ရှင့်လို ပရော်ဖက်ရှင်နယ်ဆန်တဲ့အိမ်ထိန်းမျိုးတစ်ခါမှမတွေ့ခဲ့ဖူးဘူး!"

အိမ်ထိန်းလင်း သည် လင်းရှင်းဟယ်၏မျက်နှာပေါ် ထိတ်လန့်မှုနည်းနည်းလေးကိုမှမမြင်ခဲ့ပေ။သူ၏ ပရော်ဖက်ရှင်နယ်ဆန်မှုအပေါ် အရှက်မရှိချီးကျုးပြောဆိုနေပြီး သူ့လည်ပင်းကိုဓားနှင့်မခုတ်သလို လည်ပင်းမညှစ်သလိုမျိုး ပျော်ရွှင်စွာစကား‌ပြောနေသည်။

ဗီလိန်ကျောင်းတော်  သို့  ဝင်ခွင့်ရခဲ့တယ်Dove le storie prendono vita. Scoprilo ora