Chapter 36: နှင်းတောင်နှင်းဆီ (13)-၁

442 52 0
                                    

Chapter 36: နှင်းတောင်နှင်းဆီ (13)-၁

လင်းရှင်းဟယ်သည် လန်ရှီရန်ကြောင့်နိုးသွား၏။ဆက်အိပ်ဖို့မရည်ရွယ်တော့။သူမ အချိန်ကိုတချက်ကြည့်လိုက်သည်။

လန်ရှီရန် မေးလိုက်သည်။"ညီမ မနာခံပဲ စားလို့ရမလား?"

လင်းရှင်းဟယ် သူမကိုတချက်ကြည့်လိုက်သည်။

ထိုမိန်းကလေး သည် တကယ့်ထရိန်နင်ကိုတွေ့ကြုံပြီးနောက် အရင်ကနှင့်မတူတော့ ပိုယုံကြည်ချက်ရှိလာပေမဲ့ မျက်ဝန်းထဲ၌ ဆာလောင်သော ခံစားချက်အမြဲတမ်းရှိနေသည်။

"နည်းနည်းပဲလေ ညီမ ထိန်းနိုင်ပါတယ်..."

လင်းရှင်းဟယ်ပြောလိုက်သည်။"အစားအသောက် ၏စားရင်ကော နာကျင်လား?"

လန်ရှီရန် စိတ်အားထက်သန်စွာခေါင်းညိတ်သည်။

"အနာဂတ်ကျရင် ဒီသင်္ဘောပေါ် က ဝန်ထမ်းတွေက ညီမရဲ့တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုပဲ။ညီမ တစ်ယောက်စားရင် ဝန်ထမ်းတစ်ယောက်လျော့သွားလိမ့်မယ်။ညီမဗိုက်ဆာရင်တောင် နည်းနည်းသည်းခံ ဒါမှမဟုတ် ညီမ တခြားဝိညာဥ်ကိုစားဖို့ကြိုးစားနိုင်သလား?"

"ဥပမာ တိရိစ္ဆာန်နဲ့အပင်တွေရဲ့ဝိညာဥ်တွေ။အရသာက သေချာပေါက်မကောင်းပေမဲ့ ညီမရဲ့အစားစားချင်စိတ်ကိုဒီနည်းလမ်းနဲ့ဖိနှိပ်ဖို့ကြိုးစားလို့ရတယ်။မဟုတ်ရင် အနာဂတ်မှာ အစားစားချင်စိတ်ကြီးထွားလာပြီး မဖိနှိပ်နိုင်ရင် ညီမအလွယ်တကူ စိတ်ရူပ်ထွေးလာလိမ့်မယ် ညီမရဲ့လူသားဆန်စိတ်နဲ့မူလရည်ရွယ်ချက်ပျောက်သွားလိမ့်မယ်.."

လန်ရှီရန် မှပြောလိုက်သည်။"မာစတာ စိတ်ချပါ! ညီမရဲ့ အစားစားချင်စိတ်ကို ထိန်းချုပ်ပါမယ်။ လိုအင်ဆန္ဒတွေလွှမ်းမိုးတဲ့လူဖြစ်မလာပါဘူး အာ.. မဟုတ်ဘူး အဲလိုတစ္ဆေဖြစ်မလာပါဘူး" သူမ လက်သီးဆုပ်ကာပြောလိုက်သည်။"ညီမတာဝန်ကိုပြီးမြောက်အောင်ကြိုးစားမှာပါ။သူတို့ကိုမစားဖို့ကတိပေးပါတယ် နာခံမှုမရှိတာမျိုး ဖောက်ဖျက်တာမျိုးမလုပ်ပါဘူး။"

လင်းရှင်းဟယ် တစ်ခုခုကိုတွေးမိပြီးထပ်မေးလိုက်သည်။

"ဒုတိယအသုတ်အစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲနဲ့ပတ်သက်လို့ ဘယ်လောက်သိလဲ?"

ဗီလိန်ကျောင်းတော်  သို့  ဝင်ခွင့်ရခဲ့တယ်Место, где живут истории. Откройте их для себя