Ch-38: နှင်းတောင်နှင်းဆီ (15)-၂

396 64 3
                                        

Ch-38: နှင်းတောင်နှင်းဆီ (15)-၂

"ရှင်နားလည်နိုင်ဖို့မျှော်လင့်တယ်။မကြာပဲဖြစ်ဖြစ် နောက်ကျပဲဖြစ်ဖြစ် အမှန်တရားရဲ့အရာအားလုံး တူးဖော်နိုင်တယ်။အခု ရှင်လိမ်တယ်နော် အဲအတွက် အဖိုးအခကိုပေးရမယ် ကျွန်မ အမှန်တရားကိုတူးဖော်ပြမယ်.."

လင်းရှင်းဟယ် သည် ဘယ်လက်တဖက်ပဲရှိသော ဒုက္ပတိန်ကိုကြည့်၍ပြောလိုက်သည်။"လာခဲ့ .. လက်တဖက်ဖိုက်တာကြီးကိုအခွင့်အရေးပေးမယ်။ရှင် မပြောချင်ရင် ရှင့် ကျန်ရှိနေတဲ့ လက်တဖက်ပါမဲ့သွားနိုင်တယ်.."

ထိုအချိန် လန်ရှီရန်သည် နံရံမှဖြတ်ဝင်လာကာ ပြောလိုက်သည်။"မာစတာ ကို ‌လာတွေ့တာပါ။ကျွန်မအဆင့်သင့်.." ထိုအသံရပ်တန့်သွားကာ ဖြေးဖြေးချင်းဆို၏။"အိုး ..တခြားလူတွေ ရှိနေတာပဲ.."

သူမ ချက်ချင်းစကားပြောတာရပ်သွားကာ ပါးစပ်ပိတ်ပြီး လင်းရှင်းဟယ်ဘေးသို့တိတ်တဆိတ်မြောလွင့်လာကာ ဒုကပ္ပတိန်၏ တခြားလက်မောင်းကိုကြည့်ရင်း တံတွေးမျိုချမိသည်။

ဒုကပ္ပတိန်,ခဗျား တုန်တက်သွားတော့သည်။။

လင်းရှင်းဟယ် သည် လင်းရှီရန်၏ကူညီမှုသည်အချိန်ကိုက်ဖြစ်မည်ဟုမမျှော်လင့်ခဲ့ပါ။

" စကားပြောစို့ လီလစ်ဖ် ဘာဖြစ်သွားသလဲ?"

ဒုကပ္ပတိန် ပြောလိုက်သည်။"မင်္ဂလာဆောင်ပြီးနောက် ပင်လယ်ဘီလူးခေါင်းဆောင်က လီလစ်ဖ်ကိုနေထိုင်ဖို့ ပင်လယ်ထဲခေါ် သွားပါတယ်" သူ ကပ္ပတိန်ကို တချက်ကြည့်ပြီးနောက် လန်ရှီရန်ကိုကြည့်ကာ သွားတင်းတင်းကြိတ်ပြီးပြောလိုက်သည်။"နှစ်ပေါင်း ၁၀၀ ကြာတဲ့အထိ ဘာမှမဖြစ်ခဲ့ဘူး! နှစ် ၁၀၀ ကြာပြီးနောက် ပင်လယ်ဘီလူးက ငါတို့သင်္ဘောကို သိမ်းပိုက်ခဲ့တယ်။အဲအချိန်တည်းက ငါတို့သင်္ဘော လမ်းကြောင်းပြောင်းလဲသွားခဲ့တယ်။ငါတို့ကိုလတ်ဆတ်တဲ့ အရသာရှိတဲ့ လူသားဝိညာဥ်ကို ရှာခိုင်းတယ်။လီလစ်ဖ် က ငါတို့ရဲ့ ပထမဆုံးခရီးသည် ပါ.."

"ဒါဆို လီလစ်ဖ် က ပင်လယ်ဘီလူး ခေါင်းဆောင်နဲ့ချစ်ခဲ့လား? ဒါဆို တခြားခရီးသည်ကကော?"

ဗီလိန်ကျောင်းတော်  သို့  ဝင်ခွင့်ရခဲ့တယ်Where stories live. Discover now