Ch-24: နှင်းတောင်နှင်းဆီ (1)

869 104 0
                                    


Ch-24: နှင်းတောင်နှင်းဆီ (1)

လင်းရှင်းဟယ် သည် ရွှေရောင်ဆေးလုံး သည် ဘာလဲမသိပေ။သို့ပေမဲ့ ရှဲ့ချွမ် သည် သူမကိုပြီးပြည့်စုံသော ခြေတလှမ်းပေးခဲ့သည်။သူမ ခြေလှမ်းမလှမ်းရင်တောင် ထူးဆန်း‌နေပေလိမ့်မည်။

သူမ ဒီအခြေအနေကိုအခွင့်အရေးယူ၍ ရှောင်ရှဲ့ဂျီ၏ အသွင်ပြောင်းလဲနိုင်သော စကေးကို လူတိုင်းရှေ့ချပြခဲ့သည်။

နောက်တနေ့တွင် ကန်တင်း၏စခရင်န်တွင် ရှောင်ရှဲ့ဂျီ ၏ စွမ်းဆောင်ရည် သည် နေရာယူထားသည်။သူမ သည် ရှောင်ရှဲ့ဂျီကို နောက်ဆုံးစာမေးပွဲတွင် ရရှိသည်ကို ဖုံးကွယ်ဖို့ရန် ဖုန်းဖြင့်ရိုက်ကူး၍ ဗီဒီယိုကို ထုတ်လွှင့်ခဲ့သည်။

သူမသည် ရှောင်ရှဲ့ဂျီ သည် သူမ၏ ဖုန်းကိုကိုင်ကာ ကြောက်မက်ဖွယ်ရုပ်ရှင်ကိုကြည့်ရူနေသည့် မြင်ကွင်းကို မှတ်တမ်းတင်ထားတာရှိသည်။

သူမ သက်ပြင်းချ၍ ရှောင်ရှဲ့ဂျီ ကြည့်နေသောဖုန်းကို လက်ညိုးထိုးကာ မေးလိုက်သည်။"မင်းဒီလိုဖြစ်လာလို့ရသလား?"

ရှောင်ရှဲ့ဂျီ သည် ချက်ချင်းဆိုသလို အသက် ၃ နှစ်အရွယ်ကလေးလေးအဖြစ်ပြောင်းလဲသွားကာ ဗီဒီယိုထဲက ရှောင်ရှဲ့ဂျီလေး ကဲ့သို့ တူညီသောစတိုင် ပါးစပ် ၅ ပေါက်ရှိသည်။ကန်တင်းက လူများသည် သူတို့၏ တူများနှင့်ပန်းကန်များကိုတိတ်တဆိတ်ချလိုက်ကြသည်။

လင်းရှင်းဟယ်၏မျက်ဝန်းရဲတက်နေကာ ရှောင်ရှဲ့ဂျီကိုပွေ့ဖက်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူမက ပြောလိုက်သည်။"ဘေဘီ ပါးစပ်၅ ပေါက်ကိုသိမ်းလိုက်။ပါးစပ် ‌၁ ပေါက်လိုလုံလောက်တယ်။မဟုတ်ရင် မင်းရဲ့ဘေးပတ်လည်က အတန်းဖော်တွေရဲ့စားချင်စိတ်ကိုသက်ရောက်စေလိမ့်မယ်"

ရှောင်ရှဲ့ဂျီလေး သည် နာခံစွာ ပါးစပ် ၅ ပေါက်ကိုရုပ်သိမ်းလိုက်ပြီး လင်းရှင်းဟယ်၏နံဘေးနာနာခံခံထိုင်နေသည်။သူမ၏ခြေထောက်များတိုလွန်းတာကြောင့် ကြမ်းပြင်ပေါ် မရောက်နိုင်ပေ။သူမ ကုလားထိုင်ခုံပေါ် ထိုင်ပြီး ခြေထောက်နှစ်ဖက်ခါယမ်းနေ၏။

ဗီလိန်ကျောင်းတော်  သို့  ဝင်ခွင့်ရခဲ့တယ်Where stories live. Discover now