Ch- 26: နှင်းတောင်နှင်းဆီ (3)
လင်းရှင်းဟယ် သည် VIP နေရာကိုရောက်ချိန် အိမ်ထိန်းတစ်ယောက် ခရီးဆောင်အိတ်များသယ်ဖို့ရောက်လာသည်။လင်းရှင်းဟယ်တွင် ခရီးဆောင်အိတ်များမရှိသော်လည်း ကျောပိုးအိတ်နှင့်မှော်တံမြတ်စည်းသာရှိသည်။
အိမ်ထိန်း၏ မျိုးရိုးသည်လည်း 'လင်း'ဖြစ်သည်။လင်းဟောင်။Suit ဝတ်ဆင်ထားပြီး စံပြအလုပ်သဘောအရအပြုံးမျိုးသူ့နှုတ်ခမ်းထက်ရှိနေသည်။
လင်းရှင်းဟယ် သည် သဘာဝကျစွာ ခရီးဆောင်အိတ်များ ကူညီတာလက်ခံဖို့ဆန္ဒရှိသည်။ညဘက်ကျရင် အပြုအမူကောင်းသောအိမ်ထိန်းသည် တစ္ဆေ ဖြစ်လာရင်တောင် အိမ်ထိန်းလင်း သည် လင်းရှင်းဟယ်အတွက် ရှောင်ရှဲ့ဂျီကိုထိန်းပေးချင်နေသည်။သို့ပေမဲ့ လင်းရှင်းဟယ် မငြင်းဆန်ပါ။အိမ်ထိန်း၏လက်မောင်းထဲသို့ ရှောင်ရှဲ့ဂျီကိုရက်ရက်ရောရောပေးလိုက်ကာ ရှောင်ရှဲ့ဂျီ၏စိတ်သဘောထားအကြောင်း ပျော်ပျော်ရွှင်ရွှင်ပြောဆိုနေတော့သည်။
"သူမက အရမ်းကောင်းတာ အရိုးပေါ် အရည်တင်မဟုတ်ဘူး။သာမန်ကြောင်နဲ့လည်းမတူဘူး သူမက လူသားအစားအသောက်စားရတာကြိုက်တယ်"
အိမ်ထိန်း မှ ပြော၏။"အိုကေ ကျွန်တော် မှတ်ထားပါမယ်"
လင်းရှင်းဟယ် သည် အိမ်ထိန်းလင်း၏ ဦးဆောင်မှုအောက် အပျော်စီးသင်္ဘော၏ခန်းမထဲရောက်လာသည်။
အိမ်ထိန်းသည် စိတ်အားထက်သန်စွာမိတ်ဆက်ပေး၏။"ဒါကျွန်တော်တို့ရဲ့ ဧည့်ခန်းပါ။ဓာတ်လှေကား ၈ ခုပါတယ်။အထူးဧည့်သည်အတွက် သီးသန့်ဓာတ်လှေကားပါရှိပါတယ်။စားသောက်ဆိုင် ၁၂ ခုရှိပြီး စားသောက်ဆိုင် ၈ ခုမှာ free စားသောက်ခွင့်ရှိပါတယ်။ကျန်တဲ့စားသောက်ဆိုင် ၄ ခုကတော့ ကြယ် ၃ ပွင့်စားသောက်ဆိုင်ပါ။ငွေပေးချေရပါတယ် ဒီအထပ်ကတော့ "
လင်းရှင်းဟယ် သည် ထူးခြားဆန်းကြယ်သောခန်းမကိုကြည့်လိုက်သည်။သူမ၏ ရှိနေရာမှ အလွှာတိုင်းကိုရှင်းရှင်းလင်းလင်းမြင်ရသည်။သူမရေတွက်ကြည့်လိုက်စဥ် အနည်းငယ်အံ့အားသင့်သွား၏။"ဒီသင်္ဘောက ၈ ထပ်ပဲရှိတာလား?"
![](https://img.wattpad.com/cover/235042658-288-k703576.jpg)
ESTÁS LEYENDO
ဗီလိန်ကျောင်းတော် သို့ ဝင်ခွင့်ရခဲ့တယ်
RomanceI Was Admitted To The Villain School. Status in Coo- 188 Chapter. Webnovel. Paid-completed.