Ch- 5 : နှင်းမိန်းကလေး(1)
သူမ နှင်းတောင်ပေါ်တွင် ရှိနေတာဖြစ်ရမည်။
သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။အအေးဒဏ်ကြောင့် လေပြင်း တိုက်ခတ်ပြီး အလွန်တိတ်ဆိတ်နေသည်။ပါးလွှာပြီး သယ်ဆောင်ရလွယ်ကူတဲ့ အင်္ကျီတစ်ထည် ယူလာသော်ငြား အအေးဒဏ်ကို အကြာကြီး မထိန်းထားနိုင်ပေ။
သူမ ဒီကိုရောက်သည်မှာ အချိန်အနည်းငယ်သာကြာသေးသော်လည်း ခြေ၊လက်များတုန်ယင်လာသည်။
သူမနှင့် အတူ အာကာသ အက်ကြောင်းထဲသို့ ဝင်ရောက်လာသော လူများမရှိချေ။သူတို့အားလုံးကို မတူညီသောနေရာများသို့ ပို့ဆောင်ခံရဖွယ်ရှိသည်။
ကောင်းကင် သည်တောက်ပနေသည်။သူမ အချိန်ကိုကြည့်လိုက်သည်။မနက်ကိုးနာရီ သာရှိသေးသည်။
ကျောင်း မှစာမေးပွဲမေးခွန်းတစ်ခုပေးလာသည်။လင်းရှင်းဟယ်သည် ရှေးခေတ်ဌာနမှ လူသစ်များကဲ့သို့ ပြင်ပတောင်တက်စွမ်းရည်ကို ဦးစွာ စမ်းသပ်လိုကြောင်း မှန်းဆမိသည်။ကျွန်းပေါ်တွင် ရှင်သန်ခြင်း—ပထမစမ်းသပ်မှုမှာ ပြင်ပရှင်သန်မှုစွမ်းရည် အကြောင်းဖြစ်သည်။
လင်းရှင်းဟယ် သည် လက်များကို ပွတ်သပ်ကာ စတင်လှုပ်ရှားလိုက်သည်။
သူမ တောင်ပေါ်မှဆင်းရန် လမ်းကိုရှာရန် အမြင့်တနေရာကိုတက်ရမည်။
အမြင့်တနေရာသို့တက်စဥ် အဝေးမှ စက်သံ ရုတ်ချည်း အသံကြားလိုက်ရသည်။သူမ မော့ကြည့်လိုက်ချိန် ဟယ်လီကော်ပတာ တစ်စီး ကိုမြင်လိုက်ရသည်။လင်းရှင်းဟယ် သည် မစဥ်းစားဘဲ တံမြက်စည်းကို ချက်ခြင်း ဆုပ်ကိုင်လိုက်ပြီး ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။
ရဟတ်ယာဥ် သည် လင်းရှင်းဟယ်ကို သတိပြုမိပြီးခေါ်ဆောင်သွားခဲ့သည်။
လေယာဥ်မှူးအပြင်၊လေယာဥ်ပေါ်တွင် ခေါင်းငုံ့ထားသည့် ကလေးမလေးတစ်ယောက်လည်း ရှိသေးသည်။
လင်းရှင်းဟယ် ရောက်ချိန်တွင်လေယာဥ်မှူး မှ"ရာသီဥတု လွန်ကဲပြီး ကုန်းတက်တာကို သတိထားဖို့ တောင်အောက်ခြေမှာ သတိပေးထားတာကိုမတွေ့ဘူးလား။နှင်းမုန်တိုင်းလာနေပြီ၊မင်းက တောင်တက်ဖို့ ရွေးနေတုန်းပဲ။တောင်တက်ဖို့? အခုခေတ်လူငယ်တွေက သူတို့ရဲ့ အသက်ကို မြတ်နိုးဖို့ မသိကြဘူးလား? နိုင်ငံတော်ရဲ့ကယ်တင်ရေးအရင်းအမြစ်တွေကို ဖြုန်းတီးနေကြတာ။"

ВЫ ЧИТАЕТЕ
ဗီလိန်ကျောင်းတော် သို့ ဝင်ခွင့်ရခဲ့တယ်
Любовные романыI Was Admitted To The Villain School. Status in Coo- 188 Chapter. Webnovel. Paid-completed.