Ch- 39: နှင်းတောင် နှင်းဆီ (16)-၂
မိုနာ သည် စုန်းမဗီလိန်လေးဖြစ်သော်လည်း အရင်ကမ္ဘာတွင်းဗီလိန်ကြီးမဟုတ်ပါ။သူမ သည်ပင်လယ်ရေအောက်ရဲတိုက်တစ်ခု ပိုင်ဆိုင်ကာ ပင်လယ်ရေအောက်တွင် ကုန်သည်များ သွားလာရောင်းဝယ်ဖောက်ကားကြသည်။ထိုအချိန်တန်းက သူမ၏ကမ္ဘာတွင် ဗီလိန်ကြီးရှိသည်။နက်ရိူင်းသောပင်လယ်အောက်တွင် နေထိုင်သောနတ်ဆိုးဘုရင်ဖြစ်သည်။
ဒါပေမယ့် ဒါကို မိုနာ နားလည်ခဲ့တယ်။သူမသေဆုံးသည့်နေ့အထိ ဗီလိန်ဖြစ်မှန်း သူမမသိခဲ့ပါ။သူမသည် သင့်တင့် လျောက်ပတ်သောလူဟု အမြဲလိုလို ခံစားမိသည်။မင်းသားလေး သူမကို မသတ်ခင်အထိ ရေသူမဇာတ်လိုက်မင်းသမီးလေး သည်ပစ္စည်းများ အကြွေးဝယ်ရန် မကြာခဏဆိုသလို သူမ ထံလာခဲ့သည်။
ဒီစာမေးပွဲတွင် မိုနာ သည် အစတွင် ပင်လယ်ကြမ်းပြင်၏လျှို့ဝှက်ချက်များကို ဦးစွာရှာဖွေတွေ့ရှိခဲ့ပြီး ထိပ်တန်း ၁၀ ဦးထဲဝင်ဖို့ မျှော်လင့်ခဲ့သော်လည်း အခုလင်းရှင်းဟယ်သည်လည်း ဒါကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သူမတွေ့ရှိခဲ့သည်။စာမေးပွဲတွင် လင်းရှင်းဟယ်၏ ထူးချွန်သောစွမ်းဆောင်ရည်အရ ထိပ်တန်းဆယ်ဦးစာရင်းတွင် ပါဝင်ရမည်ဖြစ်ပြီး အုပ်စုတစ်ဖွဲ့တည်းဖြစ်သော အစ်ကို၉ နှင့်ဖုကျန့်တို့ကိုလည်း ပါဝင်တွက်ချက်သင့်သည်။
မိုနာ သည် ပင်လယ်ဘီလူး အုပ်စုကိုဆန့်ကျင်ကာ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်းရှိသည်ဟု မထင်ပါပေ။
မိုနာသည် လင်းရှင်းဟယ်နှင့်လက်ဆွဲထပ်နှုတ်ဆက်ပြောလိုက်သည်။"ဘယ်အခန်းမှာနေတာလဲ? တနာရီအတွင်း ကျွန်မမှော်ဆေးကိုပေးမယ်"
လင်းရှင်းဟယ် သည် စားသောက်ဆိုင်တွင် ပေါ့ပေါ့ပါးပါး တစ်ခုခုစားပြီးနောက် အခန်းသို့ ပြန်သွားသည်။တစ်နာရီကြာပြီးနောက် မိုနာ သည် မှော်နက်ဆေးကို အချိန်မီ ပေးခဲ့ပြီး ပင်လယ်ရေအေးကို ကာကွယ်ရန်အတွက် အထူးအ၀တ်အစားများလည်း ပါ၀င်သည်။
လင်းရှင်းဟယ် ကျေးဇူးတင်စကားပြောခဲ့သည်။
မိုနာ သည် လင်းရှင်းဟယ်ကို လက်ပြနှုတ်ဆက်ကာ အားလပ်ရက်အပန်းဖြေခရီးကိုပျော်ရွှင်စွာ စတင်တော့သည်။
![](https://img.wattpad.com/cover/235042658-288-k703576.jpg)
ESTÁS LEYENDO
ဗီလိန်ကျောင်းတော် သို့ ဝင်ခွင့်ရခဲ့တယ်
RomanceI Was Admitted To The Villain School. Status in Coo- 188 Chapter. Webnovel. Paid-completed.