Ch-8: နှင်းမိန်းကလေး -4

886 141 0
                                    

Ch-8: နှင်းမိန်းကလေး -4

တန်ရှင်း သည် ဗီလိန်တစ်ယောက် ဖြစ်လာသည်မှာ ကျင့်သားရနေပြီဖြစ်သည်။သူမ သည် အချစ်အတွက် သတ္တိများ စုဆောင်းရှားပါးခဲ့ပေမဲ့ မမျှော်လင့်စွာသေဆုံးခဲ့သည်။သူမ သေဆုံးပြီးနောက် သူမ ဒီလိုအန္တရယ်များသောနေရာတွင်ရှိနေသည်။အခု စာမေးပွဲခန်းထဲရောက်နေတာဖြစ်လို့ ငိုဖို့အချိန်မရှိပေ။

ချဲ့ယောင် သည် သူမ၏အမှတ်များကိုစုဆောင်းကာ တောင်အောက်သို့ ခေါ် သွားပေးခဲ့သည်။မူလကအပေးအယူဆက်ဆံရေးဖြစ်သည်။အခု သူ သည် စိတ်လွတ်ပြီး သူမကို အနိုင်ကျင့်ဖို့အကောင်းဆုံးလို့ သတ်မှတ်ထားလေသည်။

တန်ရှင်း သည် သူတို့နဲ့အဆင်မပြေရင် ဘယ်လိုခုခံရမလဲ မသိပေ။

သူမ သည် မှောင်ကုပ်နေသော မျက်နှာဖြင့်အခန်းထဲပြန်ဝင်လာခဲ့သည်။မီးအလင်းဖွင့်ချိန် ထိတ်လန့်လုနီးပါးဖြစ်သွား၏။နံရံအလယ်တွင် ထူးဆန်းသော ဆေးရေးပန်းချီရှိသည်။

ထိုမိန်းမ ၏ ဆံပင်များသည် အောက်သို့ပုံကျနေပြီး သေးငယ်သောမျက်နှာတွင် မျက်နှာအသွင်အပြင် မရှိပေ။

အခန်းထဲ အပူချိန်ရှိသော်လည်း ထိုအခိုက်အတန့်အပူချိန် သည် ၁၀ ဒီကရီထက်ပိုကျဆင်းသွားသည်လို့ခံစားရသည်။အတော်ကြာ ထိတ်လန့်သွားပြီး သူမ၏ စိတ်ပြန်လည်လာဖို့ အတော်ကြာ ခဲ့သည်။သူမ ထိုင်ခုံကို တုန်တုန်ယင်ယင်ရွေ့ကာ ထိုပန်းချီကို ကောက်ယူဖို့မတ်တပ်ရပ်လိုက်သည်။

သူမ ပန်းချီကိုလိပ်၍ ဗီဒိုပေါ် တင်လိုက်သည်။

နှင်းတောင်ပေါ် က ဆင်းဖို့ အချိန် ၅ နာရီ၊၆နာရီ ကြာခဲ့ပြီးနောက် သူမလည်း မောပန်းကာ စွမ်းအားမဲ့နေပြီဖြစ်သည်။အိပ်ရာပေါ် လှဲချိန် မျက်ဝန်းများမှိတ်လိုက်ပြီး မကြာခင် အိပ်ပျော်သွားခဲ့သည်။အချိန်ဘယ်လောက်ကြာသွားသလဲမသိ တန်ရှင်းသည် နားရွက်ထဲ အေးစက်စက်လေများခံစားမိသည်။သူမ၏ မျက်တောင်များ တုန်ယင်နေ၏။သူမ မျက်ဝန်း ဖွင့်ချိန် အထိတ်တလန့်အော်လိုက်မိသည်။

ဗီဒိုပေါ် တင်ထားသော ပန်းချီသည် တကယ်ကို မူလနေရာတွင် ရှိနေပြန်သည်။

ဗီလိန်ကျောင်းတော်  သို့  ဝင်ခွင့်ရခဲ့တယ်။Where stories live. Discover now