Ch-38: နှင်းတောင်နှင်းဆီ (15)-၁

523 70 0
                                    

 Chapter 38: နှင်းတောင်နှင်းဆီ (15)-၁

လင်းရှင်းဟယ် သည် အမှောင်ခန်းထဲမှထွက်လာပြီးနောက် ပြန်လည်မွေးဖွားလာသော NPC များကိုလည်း အပြင်ထွက်ခွင့်ပြုခဲ့သည်။

သူတို့အနည်းငယ်ကြောက်နေကြပေမဲ့ လီကွေ့က တကယ်ပဲ သူတို့ကိုမထိခိုက်စေခဲ့သည်ကိုကြည့်ရင်း သူတို့အနည်းငယ်သက်သာရာ ကာ စားဖို့စားသောက်ဆိုင်သို့ ထွက်သွားကြသည်။

လင်းရှင်းဟယ် သည်အမှောင်ခန်းနှင့်ပတ်သက်လို့ ဖုံးထားဖို့မရည်ရွယ်ပါ။ကျောင်းသားများစွာရှိတာကြောင့် တစ်စုံတစ်ယောက် အမှောင်ခန်းထဲက တံခါးနှင့်နံရံများအသုံးပြုသည့် ပစ္စည်းကို သိလောက်သည်။

သူမ မင်္ဂလာဝတ်စုံ၊မင်္ဂလာဖိနပ်၊ လက်ဝတ်ရတနာများနှင့်လက်ရေးမူပါဝင်သော မှတ်စုကိုလည်းထည့်ထားလိုက်သည်။

သူမသည် မင်္ဂလာဝတ်စုံနှင့်သတို့သမီး ပန်းချီကိုလည်းဖုံးကွယ်ဖို့မရည်ရွယ်ပါ။ဖုကျန့်ကို အမှောင်၏ တံခါးပေါ် ရှိပန်းချီ ကို ကပ်ခွင့်ပြုခဲ့သည်။

ဖုကျန့် သတိကပ်သွားကာပြောလိုက်သည်။"ငါတို့က အရင်တွေ့တာလေ ဘာလို့ မျှဝေရမှာလဲ? ဒါ စာမေးပွဲခန်းမှာ လူတိုင်းက ပြိုင်ဘက်ဆိုတာ မင်းသိပါတယ်"

ဖုကျန့် သည် အစ်ကို၉ ကိုကြည့်လိုက်သည်။

အစ်ကို၉ ၏ အကြည့်ထဲပြောနေသည်က 'ငါက ဒိုင်းသပ်သပ်ပဲ ငါ့ ကိုမကြည့်နဲ့ကွ'ဟူ၍..။

ဒါကိုမြင်တော့ ဖုကျန့် လင်းရှင်းဟယ်ကိုမေးလိုက်သည်။"မင်းအကြောင်းပြချက်ပြောနိုင်မလား?"

"ဒီသဲလွန်စတွေကို ကျွန်မတို့တွေ့ထားပေမဲ့ အခု ကျွန်မတို့နှင်းတောင်နှင်းဆီ ဘာဆိုတာမသိသေးဘူး။ဦးနှောက်ပိုသုံးပြီး ကျောင်းသားတွေရဲ့မတူတဲ့အမြင်ကိုကြည့်တာပိုကောင်းတယ်။အမှောင်ခန်းထဲ စောင့်ကြည့်ရေးကင်မရာတွေချထားတယ်။မျက်တောင်တခတ်အတွင်း အထဲက အခြေအနေကိုကြားနိုင်မြင်နိုင်တာပဲ"

ထိုစကားကိုကြားချိန် ဖုကျန့်,တစ်ယောက် ရုတ်တရက်ပိုရှင်းလင်းသွားသည်။

ဗီလိန်ကျောင်းတော်  သို့  ဝင်ခွင့်ရခဲ့တယ်Donde viven las historias. Descúbrelo ahora