Ch-42: နှင်းတောင်နှင်းဆီ (၁၉)-၂

412 60 0
                                    

Ch-42: နှင်းတောင်နှင်းဆီ (၁၉)-၂

"ဟုတ်တယ် မသင့်တော်ဘူး။ တော်ဝင်အရှင် မင်းရဲ့မင်းသမီးနဲ့လက်ထပ်ခွင့်ပြုလို့မဖြစ်ဘူး။ငါတို့ခေါင်းဆောင်က လူတွေကိုနာကျင်အောင်မလုပ်ပေမဲ့ သူစိတ်ဆိုးလာချိန် ဘယ်သူမှသူ့ကိုမတားနိုင်ဘူး"

လင်းရှင်းဟယ် သည် ပင်လယ်ဘီလူးတွေ ဒီအိမ်ထောင်ရေးနှင့်ပတ်သက်လို့ ကန့်ကွက်မည်ဟုမမျှော်လင့်ခဲ့။သူတို့သည် သူတို့၏ခေါင်းဆောင်အကြောင်းမကောင်းပြောနေသေးသည်။

သူမအချက်အလက်အားလုံး စုဆောင်းပြီး အစ်ကို၉ ၏အထူး ထုတ်ကုန်များပေးပြီးနောက် သူမ၏စိတ်ဆင်းရဲမှုကို ဝမ်ဒီကိုပြောပြလိုက်သည်။

ဝမ်ဒီက သူတို့ကို ပြန်လိုက်ပို့မည်ဟုဆိုသည်။

အပြန်လမ်းမတွင် လင်းရှင်းဟယ် ဝမ်ဒီကိုပြောလိုက်သည်။"ငါတို့ဘာဘရာတိုင်းပြည်မှာ ညီတူမျှတူအခွင့်အရေးရှိတယ်။တူညီသော ရေကိုသောက်တယ်။လက်ဆောင်ပေးဖို့ လူဘယ်လောက်ကျန်သေးလဲ?ကျွန်မ ကျန်တဲ့အထူးလုပ်ရမဲ့ကိစ္စတွေပြင်ဆင်ဖို့လိုသေးတယ် .."

"သိပ်မကျန်တော့ဘူး၊ လူကိုးယောက်ပဲကျန်တော့တယ်"

"ကောင်းပြီ ငါနားလည်ပြီ။"

ဝမ်ဒီ တုံ့ဆိုင်းသွားကာ ရပ်တန့်သွားသည်။

"မင်းမှာ ငါ့ကို တစ်ခုခုတိုက်ရိုက်ပြောမဲ့စကားရှိလို့လား"

ဝမ်ဒီ သည် သက်ပြင်းချပြီးပြောလိုက်သည်။"တကယ်တော့ ငါတို့ခေါင်းဆောင်က အရင်လိုမဟုတ်တော့ဘူး။ နောက်ဆုံးခေါင်းဆောင် က သူ့သတို့သမီးကိုစောင့်မျှော်နေပေမဲ့ တနေ့ ခေါင်းဆောင်နှစ်ယောက်ရဲ့ပန်းပုရုပ်ထုတွေကို ရုတ်တရက်ဖျက်စီးပစ်ခဲ့တယ်။သူက စတင်ပြီးလူသားတွေကိုမုန်းလာတယ်။သို့ပေမဲ့ သူ အမြဲတမ်းမုန်းတာမဟုတ်ပါဘူး။တစ်ခါတစ်လေ သူက လူသားသတို့သမီးကိုလက်ထပ်ချင်ပေမဲ့ တစ်ခါတလေ ကျ လူသားတွေကိုသတ်ပစ်ချင်တယ်လို့ပြောတက်တယ်.."

"တစ်ခုခုဖြစ်ခဲ့လို့များလား?"

"ငါတို့အားလုံးမသိဘူး။တစ်စုံတစ်ယောက် က အရှင့်ကိုမေးခဲ့တယ်။အရှင်က တိတ်ဆိတ်နေပြီး အဲဒီအချိန်ကစပြီး သခင်ကြီးဟာ တားမြစ်ထားတဲ့ မြေပြင်မှာဘဲ ဖြစ်ဖြစ်၊ အပြင်ကို ထွက်သွားတက်တယ်။သူ့ ကိုနန်းတော်ထဲ အကြာကြီးမြင်ရဖို့ရှားပါးတယ်.."

ဗီလိန်ကျောင်းတော်  သို့  ဝင်ခွင့်ရခဲ့တယ်Where stories live. Discover now