Hello ... "Harley Robbie" (ခေါ်) အဘီး/ဘီး ဘီး/ မေဘီး/မေပျား/ပျားပျား"ဆိုပြီး ကြိုက်သလိုခေါ်ကြပါရှင်🫰 ကျွန်မရဲ့စာဖတ်သူတွေကိုတော့ ပျားရည်ချိုလေးတွေလို့ ခေါ်ချင်ပါတယ် 🍯✨
ကျွန်မကို ချစ်ချစ်၊ မုန်းမုန်း ...
ခု Eternal Sunshine (ခေါ်) The Criminal Syndrome နဲ့ ပတ်သက်ပြီး အသိပေးစရာ၊ သတ်ိပေးစရာတွေအပြင် ကြေငြာချက်လေးတွေပါ ကြိုတင်ပြချင်ပါတယ်နော်။ ES ရဲ့ပဏာမနိဒါန်းကို 14.8.2021 မှာ စတင်ခဲ့ပါတယ်။ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် Team လူမစုံလို့ "Immortal Foes" ကို ၂ နှစ်လောက်ရေးရင်း အချိန်ကုန်ခဲ့ပါတယ်။ အဲဒါကြောင့် ES ကို အကန့်အသတ်မရှိ postpone လုပ်ခဲ့ရပါတယ်။
Immortal Foes အတွက်လည်း ဘက်ပေါင်းစုံက လေ့လာခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ဖန်တီးမှုတွေက masterpiece ထဲ မပါသေးတာ ဝန်ခံပါတယ်နော်🫰
ဒီဇာတ်လမ်းကိုရေးဖို့အတွက်ဆို လွန်ခဲ့တဲ့ 2021 ခုနှစ်ကနေကနေ 2023ထိကို ကျွန်မကိုယ်တိုင် အားလပ်ချိန်နည်းနည်းလေးတွေမှာ Psychology နဲ့ပတ်သက်ပြီး ဗဟုသုတအစုံကို လေ့လာရင်း research လုပ်ခဲ့တာပါ။ လက်ရှိလည်း psychology နဲ့ ပတ်သက်ပြီး သိလိုသမျှကို အင်တာနက်နဲ့ဆိုရှယ်မီဒီယာတွေကနေရှာဖွေရင်း လေ့လာဖတ်ရှုနေပါတယ်။ တခြားသော လက်နက်အကြောင်း၊ mafia တို့နဲ့အထက်တန်းလွှာလူတန်းစားအကြောင်း၊ အောက်ခြေလူတန်းစားတွေအကြောင်း၊ ဒုစရိုက်လောကအကြောင်းအစရှိသဖြင့် နယ်ပယ်ပေါင်းစုံကို research အစုံလုပ်ရပါတယ်။
ES ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့မှာ စာရေးသူ၏ အချစ်ဆုံးသူငယ်ချင်း Online Senior / Junior Author နှစ်ယောက်ဖြစ်ကြတဲ့ August Blessing siyuwataw siyuwataw (acc အသစ်) ၊ ချယ် (ရာသက်ပန်ရပ်နား) တို့နဲ့အတူ ၃ ယောက်ပေါင်းရေးဖို့ စတင်ခဲ့ပါတယ်။ Main Editor ကတော့ Asami Hoshiko ပါ။
Project မှာ Main Author Leader အဖြစ် စာရေးသူ ကျွန်မကိုယ်တိုင်ပါဝင်ခဲ့ပြီး Fact စုခြင်း၊ plot ပြန်အကြမ်းချခြင်း၊ အချောသတ်ခြင်းတို့အတွက် တာဝန်ယူခဲ့ပါတယ်။ August Blessing ခေါ် ဂတ်ဂတ်ကတော့ ကျွန်မနဲ့အတူတူ ပူးတွဲရေးဖို့ သဘောတူခဲ့တယ်။ legend ဖြစ်တဲ့ Prolouge မှာ ဂတ်ဂတ်ရဲ့ အရေးအသားတွေလည်း ပါဝင်နေခဲ့ပါတယ်။ အဲဒီလိုပဲ Chapter 1 ကိုလည်း ကျွန်မနဲ့ ဂတ်ဂတ်အတူတူရေးခဲ့တယ်။

YOU ARE READING
Eternal Sunshine {The Criminal Syndrome} //COMPLETED //
Romanceနှလုံးသားရဲ့ အမှောင်မိုက်ဆုံးနေရာမှာ အလှပဆုံးဖြာကျနေတဲ့ နေရောင်ခြည်လေးဟာ မင်းပါပဲ။ မင်းပေးတဲ့ မေတ္တာတွေကြောင့် ပြိုလဲလုဆဲ ငါ့ကမ္ဘာဟာ တစ်ဖန် ရှင်သန်ခွင့်ရခဲ့ပေါ့။ စိတ္တဇ၊ အရိုင်းဆန်လွန်းတဲ့ ဒီ universe ထဲ လမ်းပျောက်နေတုန်း မင်းသာ ငါ့ရဲ့လမ်းပြကြယ်၊ ...