အခန်း (၅)မျက်နှာဖုံးများတဲ့ လူသားနတ်ဆိုးတစ်ကောင်
မနက်ခင်း၏နွေးလျလျနေရောင်ခြည်တန်းက လိုက်ကာများကြားကနေ တိုးဝင်လာသည်။ နေဒွေးဒံ၏နားထဲတွင် အင်္ဂလိပ်စကားပြောသံကို ရှင်းရှင်းလင်းလင်းကြားနေရသည်။ အိပ်ရာနိုးနေပြီဖြစ်သော်လည်း ကုတင်ပေါ်တွင် ထမထိုင်သေးပေ။ သူ၏မှောက်ခုံလဲလျောင်းနေဆဲအနေအထားတွင် အခန်းပြင်ဘက်က အသံများကို အလိုအလျောက် နားစွင့်နေမိ၏။
အခန်းတံခါး ဖွင့်ထားသောကြောင့် ပြင်ပကအသံများကို နားစွင့်လေ ပိုပီသစွာ ကြားလာရသည်။ ထိုအခါ ဒေါသသံပါနေပြီး လေသံမာထန်ပြတ်သားနေသော သျှန်ဝေး၏ဖုန်းပြောသံက သူ့နားထဲမှာ အထင်းသား။
'ဟင်း...ဘာတွေဖြစ်နေတာပါလိမ့်။ အဲဒါ မောင့်အသံလား။ အခု မောင်က အင်္ဂလိပ်လိုပြောနေတာလား။'
"You all are unbelievably naive. My ears have no patience to hear about how you continuously conquer those wretched foes. I shall join you shortly, perhaps within the span of two or three days."
[မင်းတို့ကောင်တွေက စောက်ရမ်းပိန်းကြတာပဲ။ မင်းတို့ အဲဒီကောင်တွေဆီမှာ ဘယ်လိုရှုံးလာသလဲဆိုတာတွေ နားထောင်ပေးဖို့အတွက် ငါ့နားတွေက စိတ်မရှည်နေဘူး။ ငါ အဲဒီကို မကြာခင် လာမယ်။ ၂ ရက် မဟုတ်ရင် ၃ ရက်အတွင်း။]
အိပ်ရာထက်တွင် မျက်စိမှေးတေးတေးဖြင့် အနည်းငယ်အိပ်ချင်မူးတူးဖြစ်နေသည့် နေဒွေးဒံလည်း နဖူးအရေတွန့်လျက် သျှန်ဝေးအသံကို အာရုံစူးစိုက်ကာ နားထောင်နေသည်။
'ဒါ မောင် အင်္ဂလိပ်လိုပြောနေတဲ့အသံ ကျိန်းသေတယ်။ ဘယ်ကို two or three days သွားမယ်ပြောနေတာလဲ။'
နေဒွေးဒံလည်း ပိုစူးစမ်းလိုစိတ်ဖြင့် အိပ်ရာကနေ အမြန်ကုန်းထကာ အခန်းအပြင် ဧည့်ခန်းသို့ ထွက်လာခဲ့သည်။ သျှန်ဝေးက ဖုန်းချပြီး နောက်လှည့်လိုက်စဥ် နေဒွေးဒံကို မြင်သည့်အခါ ပြုံးပြသည်။
"မောင့်ရဲ့ကို...နိုးလာပြီပေါ့။ ဟိုမှာ ကို့အတွက် မောင် Breakfast ပြင်ပေးထားတယ်။ မျက်နှာသစ်ပြီးရင် စားနော်။"
YOU ARE READING
Eternal Sunshine {The Criminal Syndrome} //COMPLETED //
Romanceနှလုံးသားရဲ့ အမှောင်မိုက်ဆုံးနေရာမှာ အလှပဆုံးဖြာကျနေတဲ့ နေရောင်ခြည်လေးဟာ မင်းပါပဲ။ မင်းပေးတဲ့ မေတ္တာတွေကြောင့် ပြိုလဲလုဆဲ ငါ့ကမ္ဘာဟာ တစ်ဖန် ရှင်သန်ခွင့်ရခဲ့ပေါ့။ စိတ္တဇ၊ အရိုင်းဆန်လွန်းတဲ့ ဒီ universe ထဲ လမ်းပျောက်နေတုန်း မင်းသာ ငါ့ရဲ့လမ်းပြကြယ်၊ ...