CHAPTER 30 (Z)

139 12 0
                                    



အခန်း (၃၀)
တရားမျှတမှုမရှိသည့် ကမ္ဘာမှာ
ရူးမိုက်စွာ ရှင်သန်ကြခြင်း []

"တောင်းပန်ပါတယ်။
လှည့်စားခဲ့မိတဲ့အတွက်ပေါ့...
ကိုဆိုတာ သုခဘုံမှာနေသင့်တဲ့ နတ်သားလေးတစ်ပါးမလား။

ကျွန်တော့်ကြောင့်နဲ့ ဒီနတ်သားလေးက
သူ့တစ်ဘဝလုံး ဒုက္ခခံနေစရာ မလိုပါဘူး။
ကျွန်တော့်ဆီက ကံဆိုးမှုတွေကိုလည်း
မျှယူစရာ မလိုနေတာကြောင့်
'ကာကွယ်မယ်၊ ချစ်တယ်' ဆိုပါတဲ့
မေတ္တာစကားလေးတွေနဲ့ပဲ
ကျွန်တော် ကျေနပ်ပါပြီ။

ကမ္ဘာပေါ်မှာ
အလှဆုံး၊ အကြင်နာတတ်ဆုံး နတ်ဘုရားတစ်ပါးကို လက်ညှိုးညွှန်ပြရမယ်ဆို...
သေချာပေါက် မောင့်ရဲ့ကိုပဲ ဖြစ်လိမ့်မယ်။

ကျွန်တော်ကတော့ ကိုနဲ့ ဆန့်ကျင်ဘက်လေ။

ကမ္ဘာပေါ်မှာ
ဘုရားသခင်တွေ၊ နတ်ဘုရားတွေရဲ့အမုန်းဆုံး
ကမ္ဘာဖျက် စေတန်တစ်ကောင်။

ဒီစေတန်က မိုးပေါ်က နတ်သားလေးကို
သူမွေးဖွားလာကတည်းက
ခုချိန်ထိ ချစ်နေဆဲပေါ့။
ဒါပေမဲ့ နတ်သားလေးနဲ့ စေတန်ဆိုတာ
အတူတူရှိနေရင်တောင်
ဇာတ်သိမ်းလှစွာ ပေါင်းစည်းလို့ မရနိုင်ဘူး။

ဒါကြောင့်လေ
ကျွန်တော်တို့ရဲ့ကံကြမ္မာရေစက်ကလေးကို
ဒီလောက်နဲ့ပဲ...."

ရွှေညိုရောင်မျက်ဝန်းတစ်စုံဆီက မျက်ရည်နွေးများဟာ ပါးပြင်ပေါ်မှာ စီးကျနေလျက်။ ထိုမျက်ရည်များလျှံနေသော မျက်ဝန်းများက တီဗီဖန်သားမျက်နှာပြင်ပေါ်ကို သေချာစိုက်ကြည့်နေသည်။ လက်သီးများက ကျစ်လစ်စွာ ဆုပ်ထား၏။ သျှန်ဝေး၏လှပသော မုသားများအောက် အယုံသွင်းခံခဲ့ရပြီးနောက် နေဒွေးဒံတစ်ယောက် အငိုက်မိခဲ့သား။

မေ့ဆေးငွေ့များကြောင့် အတော်ကြာသည်အထိ အိပ်ပျော်သွားခဲ့ရာမှ ပြန်နိုးလာသည့်နောက်မှာတော့ သူ၏နေရာအမှန်သို့ ပြန်ရောက်ရှိနေခဲ့သည်ကိုသိရလျှင် သျှန်ဝေးကို နေဒွေးဒံဘက်က အလွန်စိတ်ဆိုးနေခဲ့ရင်းသာ။ ဖန်သားမျက်နှာပြင်ပေါ်တွင် အမေရိကန် သတင်းအစီအစဉ်တင်ဆက်သူ အမျိုးသမီးက လှပကြော့ရှင်းစွာနှင့် ကြားဖြတ်သတင်းတစ်ခုအား တင်ဆက်နေခဲ့ခြင်းပင်။

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now