အခန်း (၇)
လက်တွေ့ဆန်တဲ့ ငရဲခန်းဆိုတာ...
သျှန်ဝေးတစ်ယောက် သူ၏ကလောင်နာမည် ဗစ်တာဗြောက်ဖြင့် ရေးလက်စအချစ်ဝတ္ထုတစ်ပုဒ်ကို မအိပ်မနေ ညလုံးပေါက်ရေးသားခဲ့သည်။ အပိုင်းတစ်ပိုင်းတင်ပြီးသွားသောအခါ အချိန်က နံနက်ဝေလီဝေလင်းဖြစ်နေခဲ့ပြီ။ အိပ်ရာဝင်ခဲ့သည်။ ထိုအချိန်မှသာ အိပ်ရာဝင်ခဲ့၏။
ထိုစဉ် နေဒွေးဒံက အိပ်ရာကနေ နိုးထလာခဲ့ကာ မျက်နှာသစ်ပြီး ကိုယ်လက်သန့်စင်သည်။ ထို့နောက် စံအိမ်တော်အပြင်ဘက်သို့ လမ်းလျှောက်ထွက်ခဲ့လျက်။
စံအိမ်တော်ရှေ့က ရေပန်းကိုမော့ကြည့်လိုက်ကာ တစ်ဆက်တည်းမှာပဲ နံနက်ခင်းလေပြေအေးများကို သူ၏နှာခေါင်းအတွင်းထဲသို့ တဝကြီးရှူရှိုက်သွင်းလိုက်သည်။ ဤသို့ လေရှုရှိုက်လိုက်၊ ပြန်ထုတ်လိုက်လုပ်ပြီးသွားချိန်မှာ သူ၏ခေါင်းလည်း လန်းဆန်းကြည်လင်သွားရုံမက အပြုံးများကလည်း လန်းဆန်းသွား၏။
"ရာသီဥတုလေးက သာယာပြီး မိုက်တယ်ကွာ။ မောင်ကသာ ဒီနေ့လေးများအလုပ်အားလို့ ငါနဲ့လျှောက်လည်ရင် ဘယ်လောက်ကောင်းမလဲ။ ဒါမှမဟုတ် ငါတစ်ယောက်တည်းလည်ရင် ကောင်းမလား။ မောင် ခွင့်ပြုပါ့မလာ။ တော်ကြာ တစ်ယောက်တည်းလည်လို့ဆိုပြီး စိတ်ဆိုးနေပါအုံးမယ်လေ..."
နေဒွေးဒံလည်း တစ်ကိုယ်တော်အတွေးများထဲမှာ လွင့်မျောနေခဲ့ပြီးနောက် သူ၏ခါးကို ဘယ်လှည့်၊ ညာလှည့်နှင့်လုပ်နေခဲ့သည်။ ၅ မိနစ်လောက် ခါးလေ့ကျင့်ခန်းလုပ်ပြီးသည့်အခါ သူ၏ လက်မောင်းနှစ်ဖက်ကို ကွေးလိုက်လျက် သူ့ပခုံးနှစ်ဖက်ပေါ်တွင်တင်ကာ ပခုံးလေ့ကျင့်ခန်းလုပ်နေခဲ့သည်။
ဤသို့ဖြင့် သူတစ်ယောက်တည်း လေ့ကျင့်ခန်းလုပ်နေခဲ့သည်မှာ နာရီဝက်ကြာခဲ့သည်။ မကြာခင်အချိန်၌ သျှန်ဝေး၏တပည့်များက စံအိမ်တော်ထဲကနေထွက်လာသည်ကို သတိထားမိခဲ့လျှင် လေ့ကျင့်ခန်းဆက်မလုပ်တော့ဘဲ ခပ်တည်တည်နေခဲ့၏။
သူတို့ကိုကြည့် သူတွေးမိသည်က ....
"မောင့်တပည့်တွေပဲ။ Native တွေနဲ့ အင်္ဂလိပ်လိုမပြောစဖူး သွားပြောကြည့်ရင်ကောင်းမလား။ မောင်နိုးနေပြီလား ဘာညာ ဘိုလိုသွားမှုတ်လိုက်မယ်။ ပြီးရင် နယူးရော့ခ်မြို့အကြောင်း ဆက်စပ်ပြီးတော့ ပြောလိုက်မယ်။"
![](https://img.wattpad.com/cover/281323118-288-k207292.jpg)
YOU ARE READING
Eternal Sunshine {The Criminal Syndrome} //COMPLETED //
Romansaနှလုံးသားရဲ့ အမှောင်မိုက်ဆုံးနေရာမှာ အလှပဆုံးဖြာကျနေတဲ့ နေရောင်ခြည်လေးဟာ မင်းပါပဲ။ မင်းပေးတဲ့ မေတ္တာတွေကြောင့် ပြိုလဲလုဆဲ ငါ့ကမ္ဘာဟာ တစ်ဖန် ရှင်သန်ခွင့်ရခဲ့ပေါ့။ စိတ္တဇ၊ အရိုင်းဆန်လွန်းတဲ့ ဒီ universe ထဲ လမ်းပျောက်နေတုန်း မင်းသာ ငါ့ရဲ့လမ်းပြကြယ်၊ ...