အသိပေးချက်
ယခုficနှင့်ဇာတ်လမ်းဆက်စပ်မှုများစွာရှိနေသည့် အောက်ဖော်ပြပါ " မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး" ဟူသော normal တစ်ပုဒ်ကို ဖတ်ထားလျှင် ဇာတ်ရည်ပိုလည်ပါလိမ့်မည်။ သို့သော်လည်း မဖတ်ထားသော Eternal Sunshine ပရိတ်သတ်များ ဇာတ်ရည်လည်စေရန်အတွက် ဆက်စပ်မှုရှိနေသည့်အဓိကအကြောင်းအရာတစ်ချို့တလေကိုသာ ပြန်လည်အကျဥ်းချုပ် ဖော်ပြပေးသွားပါမည်။ အားလုံးကို အကျယ်ချဲ့ကာ ထည့်သွင်းဖော်ပြသွားလျှင် ဇာတ်လမ်းပြီးဆုံးမည့်အချိန်ကို ပိုကြာရှည်စေနိုင်သောကြောင့်ဖြစ်ပါသည်။
သေချာမ edit ဘဲ အမြန်တင်လိုက်သဖြင့် စာအစီအစဉ်မကျခြင်း၊ စာလုံးပေါင်းသတ်ပုံမှားနေခြင်း၊ typing error များ ပါဝင်နေနိုင်ပါသဖြင့် အမှားတွေ့က ထောက်ပြပေးပါရန်💓အခန်း (၂၅)
တစ်နှစ်ကျော်အတွင်း အဖြစ်အပျက်များစွာနေဒွေးဒံခမျာ US ရှိ ရဲတက္ကသိုလ်တစ်ခုတွင်သာမက FBI နှင့်တွဲဖက်၍ ပြင်းထန်သည့် ထရိန်နင် (training) များ၊ တခြားသောစစ်ရေးလေ့ကျင့်မှုများကို အဆက်မပြတ် လုပ်နေခဲ့ရသည့်ကာလ၌ သျှန်ဝေးက နယူးရော့်ခ်ကို မပြန်တော့ဘဲ ပန်ရာမှာသာနေထိုင်နေခဲ့သည်။
သျှန်ဝေးက နေဒွေးဒံပါဝင်နေသည့် FBI မစ်ရှင်ကြီးအကြောင်း သိပ်မသင်္ကာလာသဖြင့် နေဒွေးဒံအား ယခင်လောက် တက်တက်ကြွကြွ စကားမပြောတော့ဘဲ အနေဝေး၍ သွေးအေးသည့်ပုံစံနှင့်သာ "Ghost" လုပ်ပစ်ခဲ့သည်။ သို့ဖြစ်လျှင် နေဒွေးဒံတစ်ယောက် တာဝန်နှင့် ကိုယ်ရေးကိုယ်တာကြား ဗျာများနေခဲ့ရပြီး နောက်ဆုံး တာဝန်ကိုသာ ပိုဦးစားပေးခဲ့ရသည်။
YOU ARE READING
Eternal Sunshine {The Criminal Syndrome} //COMPLETED //
Romanceနှလုံးသားရဲ့ အမှောင်မိုက်ဆုံးနေရာမှာ အလှပဆုံးဖြာကျနေတဲ့ နေရောင်ခြည်လေးဟာ မင်းပါပဲ။ မင်းပေးတဲ့ မေတ္တာတွေကြောင့် ပြိုလဲလုဆဲ ငါ့ကမ္ဘာဟာ တစ်ဖန် ရှင်သန်ခွင့်ရခဲ့ပေါ့။ စိတ္တဇ၊ အရိုင်းဆန်လွန်းတဲ့ ဒီ universe ထဲ လမ်းပျောက်နေတုန်း မင်းသာ ငါ့ရဲ့လမ်းပြကြယ်၊ ...