မှတ်ချက်။ ။ ဤfic တွင် စာရေးသူစိတ်ကြိုက် own world တစ်ခုကို အသက်သွင်း တည်ဆောက်ထားသဖြင့် ဤအခန်းတွင် ပါဝင်လာမည့်အကြောင်းအရာ၊ နေရာဒေသ၊ ဇာတ်ကောင်များနှင့် အဖြစ်အပျက်အားလုံးသည်လည်း စာရေးသူ၏စိတ်ကြိုက် ပုံဖော်ထားသည့် စိတ်ကူးယဉ်ဖန်တီးမှုများသာဖြစ်ပါကြောင်း။ ထို့ကြောင့် ပြင်ပလောကရှိ အဖြစ်အပျက်များ၊ အကြောင်းအရာများနှင့် လားလားမှ မသက်ဆိုင်ပေ။
အခန်း (၂၀)
နိုင်ငံ့အတော်ဆုံး ရဲစုံထောက်တစ်ယောက်၏
ရွှေရောင်နေ့ရက်ဟောင်းများပြောင်လက်နေသော အနက်ရောင်ဘွတ်ဖိနပ်များက သန့်ရှင်းတောက်ပြောင်နေသော ရွှေရောင်ပါကေးကြမ်းပြင်ပေါ်တွင် ဘယ်ညာခြေလှမ်းညီညီဖြင့် တက်ကြွစွာ လျှောက်လှမ်းလာကြလျက်။
သန့်ပြန့်သားနားသော နက်ပြာရင့်ရောင် ရဲအရာရှိယူနီဖောင်းပေါ်ရှိ ပခုံးနှစ်ဖက်ထက်နှင့်နှင့်ရင်ဘတ်နှစ်ဖက်တွင် ကြယ်တံဆိပ်အပွင့်အဖတ်များစွာရရှိထားသည့် နိုင်ငံ့စုံထောက်ကျော်ကြီး နေဒွေးဒံ၏ရှေ့မှောက်သို့ရောက်ခံနီးတွင် ညီညာတက်ကြွနေသော ထိုခြေလှမ်းများစွာက ခပ်မြန်မြန်လျှောက်လာကြသည်။
ထို ဆုတံဆိပ်အပွင့်အခတ်များစွာက နေဒွေးဒံအား ပန်ရာနိုင်ငံအစိုးရမှ တရားဝင်ခန့်အပ်ချီးမြှင့်ထားသည့် အမြင့်ဆုံးစုံထောက်ဆုတံဆိပ်များနှင့် အမျိုးသားလုံခြုံရေးအတွက် စွမ်းစွမ်းတမံကာကွယ်စောင့်ရှောက်ရာတွင် အတော်ဆုံး၊ ရဲစွမ်းသတ္တိအရှိဆုံး အစရှိသော ဆုတံဆိပ်များပင်။ ၎င်းတို့မှာ နေဒွေးဒံက စုံထောက်တစ်ယောက်အနေဖြင့် ထူးချွန်ပြောင်မြောက်၍ အရည်အချင်းရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းကို ပြသနေခဲ့သည်။
ထိုမျှမက သူဟာ အမှုများကို စုံစမ်းစစ်ဆေး၍ ထောက်လှမ်းရာတွင်လည်းကောင်း၊ ရာဇဝတ်သားများကို နှိမ်နင်းတိုက်ခိုက်ပြီး ဖမ်းဆီးရာတွင်လည်းကောင်း အလွန်လိမ္မာပါးနပ်ပြီး တော်လွန်းရုံမက ပြည်သူများ၏အသက်အန္တရာယ်လုံခြုံရေးအတွက်လည်း သူ၏အသက်ကို ပဓာနမထားဘဲ ကာကွယ်စောင့်ရှောက်ခဲ့သည့်သက်သေများလည်းဖြစ်သည်။

YOU ARE READING
Eternal Sunshine {The Criminal Syndrome} //COMPLETED //
Romanceနှလုံးသားရဲ့ အမှောင်မိုက်ဆုံးနေရာမှာ အလှပဆုံးဖြာကျနေတဲ့ နေရောင်ခြည်လေးဟာ မင်းပါပဲ။ မင်းပေးတဲ့ မေတ္တာတွေကြောင့် ပြိုလဲလုဆဲ ငါ့ကမ္ဘာဟာ တစ်ဖန် ရှင်သန်ခွင့်ရခဲ့ပေါ့။ စိတ္တဇ၊ အရိုင်းဆန်လွန်းတဲ့ ဒီ universe ထဲ လမ်းပျောက်နေတုန်း မင်းသာ ငါ့ရဲ့လမ်းပြကြယ်၊ ...