CHAPTER 8 (U)

904 39 3
                                    


အခန်း ()

သက်ရှိနတ်ဆိုးဘုရင်တစ်ပါး
(သို့မဟုတ်)
သက်ရှိနတ်ဘုရားတစ်ပါး

"ဒိုင်း...ဒိုင်း...ဒိုင်း....ဒိုင်း...."

သေနတ်ပစ်လေ့ကျင့်ခြင်းက သျှန်ဝေးအတွက် အနှစ်သက်ဆုံးဝါသနာတစ်ခုပင်။ ထို့အပြင် ဓားပစ်လေ့ကျင့်ခြင်းကလည်း သူ့အတွက် ပျော်စရာအကောင်းဆုံးဝါသနာဖြစ်၏။ ဤကဲ့သို့သော ဝါသနာများအပြင် တခြားသော ဝါသနာများလည်းရှိနေခဲ့သည်။

ယနေ့တွင် သျှန်ဝေးက သူ့စံအိမ်တော်ကနေ နယူးရော့ခ်မြို့တစ်နေရာက သူ့ပိုင်နက်တစ်ခုဖြစ်သည့် နောက်ထပ်စံအိမ်တော်တစ်ခုဆီ ရောက်ရှိနေခဲ့သည်။ မနက်အစောပိုင်း ၄ နာရီလောက်ကတည်းက သူ၏မာဖီးယားတပည့်များနှင့်အတူ ထွက်လာခဲ့သည်။

ထိုအချိန် နေဒွေးဒံကတော့ အိမ်မက်ကမ္ဘာထဲမှာ နတ်သမီးများစွာဖြင့် ပျော်ရွှင်ခုန်မြူးနေခဲ့သည်။ သျှန်ဝေးကလည်း နေဒွေးဒံ အိပ်မောကျနေသည့်အချိန်ကောင်းကိုစောင့်၍ ထွက်ခွာခဲ့သည်။

"ဒိုင်း...ဒိုင်း...ဒိုင်း...ဒိုင်း...."

သျှန်ဝေးက ပစ်မှတ်ဆီကို သေချာချိန်ရွယ်ကာ တည့်တည့်မတ်မတ်ပစ်နေခဲ့သည်။ သူ့နားတွင်ချထားသော သေနတ်အကောင်းစားများထဲက သေနတ်တစ်လက်ပြီးတစ်လက်ကိုယူ၍ သေနတ်ပစ်ခြင်းကို မရပ်မနားလေ့ကျင့်ခဲ့နေစဥ် ဆာလ်ဗက်တိုရယ် ကောလ်လီယွန်က အခန်းထဲသို့ ဝင်ရောပ်လာသည်။

"အဲလက်စန်းဒရို မာရီနို...မနက်စာစားဖို့ပြင်ထားပြီးပါပြီ"

သျှန်ဝေးက မကြားချင်ယောင်ဆောင်နေ၏။
ဆာလ်ဗက်တိုရယ်က သျှန်ဝေးအနားမှာ နှစ်ပေါင်းများစွာနေလာခဲ့၍ သူ၏အေးစက်စက်အပြုအမူများနှင့် နေသားကျနေသည်။ ဆာလ်ဗက်တိုရယ်က ပြုံးယောင်သမ်းကာ သျှန်ဝေးနှင့်မလှမ်းမကမ်းမှာ ရပ်နေ၏။

" ငါ ပန်ရာကိုပြန်သွားတဲ့အချိန် ကိစ္စအားလုံးကို မင်းဘက်ကကိုင်တွယ်တဲ့အခါ အတွင်းလူတွေကို အရင်ဦးဆုံးသတိထား"

"ဟုတ်ကဲ့"

သျှန်ဝေးက အေးစက်စက် ရေခဲရိုက်အပြုံးတစ်ခုဖြင့်ပြောခဲ့ပြီး မှင်သေကျဥ်းမြောင်းသောအကြည့်များနှင့် ဘုတ်ပြားက ပစ်မှတ်အား သေချာချိန်နေခဲ့ပြီးနောက် ဒိုင်းခနဲပစ်ခဲ့သည်။

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now