အခန်း (၃)
နှလုံးသားထဲက အမတဘုရားသခင်တစ်ပါး
"အူဝဲ...အူဝဲ....အူဝဲ"
"ဟဲ့ ဟဲ့ ဟဲ့...ကလေးငိုသံ ကြားနေရတယ်"
"အေး...ဟုတ်ပါရဲ့။ ဘယ်နားကနေ ကလေးလေး ငိုနေတာလဲ မသိဘူးဟေ့။"
အများပြည်သူသုံး အမျိုးသမီးအိမ်သာထဲတွင် အမျိုးသမီးအုပ်စုလိုက်သည် ရုတ်ရုတ်သဲသဲ ဖြစ်နေကြလျက်။ သူမတို့အနေဖြင့် ၁၀ မိနစ်ကြာအောင် 'အူဝဲ အူဝဲ' ဟူ၍ စူးစူးဝါးဝါးအော်ငိုနေသည့်ကလေးသံကို အဆက်မပြတ်ကြားနေခဲ့ရသည်။ သို့ဖြစ်၍ ၎င်းအမျိုးသမီးများလည်း အိမ်သာ၏အတွင်းဘက်နှင့်အပြင်ဘက်များကိုပါ နာရီဝက်လောက်ထိ အာရုံစိုက်ကာ နားထောင်နေခဲ့ကြသည်။
"ပိုက်လုံးတွေထဲကနေ ကြားနေရသလိုပဲ"
"ဟုတ်လား။ သေချာနားစွင့်ကြည့်အုံးမယ်။"
"ဟုတ်တယ်ဟေ့။ မိလ္လာပိုက်လုံးထဲကနေ အသံထွက်နေတာ။ တစ်ယောက်ယောက် မီးသတ်တပ်ဖွဲ့ကို ခေါ်လိုက်ပါ။"
နားပါးသော အမျိုးသမီးကြီးတစ်ယောက်ကနေ အော်လိုက်သည့်အခါ အမျိုးသမီးများလည်း မီးသတ်စခန်းအပြင် ရဲတပ်ဖွဲ့များကိုပါ အလျင်အမြန် အကြောင်းကြားခဲ့ကြသည်။ သက်ဆိုင်ရာတာဝန်ရှိသူများလည်း လမ်းတစ်လျှောက်လုံး ကားဥဩသံများဖြင့် အချက်ပေးလာကြကာ တစ်နာရီအတွင်း အများပြည်သူသုံး အမျိုးသမီးအိမ်သာအဆောက်အဦးဆီသို့ ရောက်ရှိလာကြသည်။
မီးသတ်တပ်ဖွဲ့များလည်း အမျိုးသမီးအိမ်သာကို ဆက်သွယ်ထားသော မိလ္လာပိုက်လုံးများဆီ သုတ်ခြေတင် သွားရောက်ခဲ့ကြသည်။ ထို့နောက် မိလ္လာပိုက်လုံးများကို လွှစက်များဖြင့် ချက်ချင်းကြိုးစား၍ ခွဲဖြတ်ခဲ့ကြကာ အော်ငိုနေသောကလေးလေးကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
"တွေ့ပြီ။ ကလေးကို တွေ့ပြီ။"
(မီးသတ်သမား ၁)"အူဝဲ...အူဝဲ...အူဝဲ...အူဝဲ"
"အိုး...သားလေးရယ် ချစ်စရာလေးပါလား။ ဘယ်အမေက ဒီလောက်ချစ်စရာသားလေးကို စွန့်ပစ်သွားတာလဲ။"
(မီးသတ်သမား ၂)

YOU ARE READING
Eternal Sunshine {The Criminal Syndrome} //COMPLETED //
Romanceနှလုံးသားရဲ့ အမှောင်မိုက်ဆုံးနေရာမှာ အလှပဆုံးဖြာကျနေတဲ့ နေရောင်ခြည်လေးဟာ မင်းပါပဲ။ မင်းပေးတဲ့ မေတ္တာတွေကြောင့် ပြိုလဲလုဆဲ ငါ့ကမ္ဘာဟာ တစ်ဖန် ရှင်သန်ခွင့်ရခဲ့ပေါ့။ စိတ္တဇ၊ အရိုင်းဆန်လွန်းတဲ့ ဒီ universe ထဲ လမ်းပျောက်နေတုန်း မင်းသာ ငါ့ရဲ့လမ်းပြကြယ်၊ ...