အခန်း (၄)
အချစ်က အချစ်ပဲမလား မောင်အိမ်တော်သည် မီးရောင်ဖျဖျသာရှိပြီး အိမ်တော်တစ်ခုလုံးကို အမှောင်ထုက အပြည့်ဖုံးလွှမ်းထားလျက်။
ချွေးသံတရဲရဲနှင့်ကောင်ငယ်လေးမှာ ထိုမီးအမှောင်ချထားသော အိပ်ခန်းများထဲက အိပ်ခန်းတစ်ခန်း၏တံခါးကို အလျင်အမြန်တွန်းဖွင့်ကာ ပြေးဝင်ခဲ့သည်။ ကုတင်အောက်ထဲသို့ ဝင်ပုန်းနေခဲ့ပြီး သူ့လက်များမှာ အထိန်းအချုပ်ကင်းမဲ့စွာ တုန်ယင်နေရှာသည်။
"Why are you running, kitty? There's no way you can hide from me."
[ဘာကြောင့် ပြေးနေတာလဲ, ကြောင်ကလေးရေ။ မင်း ကိုယ့်ဆီကနေ ပုန်းနိုင်မယ့်နည်းလမ်းမရှိဘူးနော်။]
ထိုစဥ် အသံသြရှရှအမျိုးသားအသံက စံအိမ်တော်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
"C'mon, baby. It's no use hidden under the bed. I can see you from CCTV."
[လာပါ ကလေးရယ်။ ကုတင်အောက်မှာ ပုန်းနေလည်း အလကားပဲ။ ကိုယ် မင်းကို CCTV တွေကနေ မြင်နိုင်နေတာကို။]
အမျိုးသား၏တည်ငြိမ်သြရှသောအသံက ကုတင်အောက်က ကောင်လေးကို ကျောချမ်းစေပြီး နှလုံးခုန်နှုန်းများကို အမြန်ရထားတစ်စင်းအရှိန်နှင့်ခုတ်မောင်းလာသကဲ့သို့ မြန်သည်ထက်မြန်လာစေ၏။ ကောင်လေး၏လည်ပင်းတစ်ဝိုက်တွင် ဇောချွေးများက ရေပက်ထားသကဲ့သို့ စိုရွဲနေသည်။
ကြောက်လန့်တုန်ယင်စွာ စကားလုံးများကို တိုးတိုးကလေး ရေရွတ်နေမိလျက်။
"မလာပါနဲ့...မလာပါနဲ့...ငရဲကိုထပ်မသွားချင်ဘူး"
══════════
ဇနပုဒ်ကဲ့သို့နေရာမှာ စုတ်ချာချာနေခဲ့ရသည့် နေဒွေးဒံအတွက် ညတွင်းချင်း သူဌေး၏ချစ်သူဖြစ်လာသည့်အပြင် မကြာခင်အချိန်တွင် အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတော့မည်။ ဤသည်က သူ့ဘဝတွက် နေ့ချင်းညချင်းဖြစ်လာသည့် မယုံနိုင်စရာကံကောင်းမှုတစ်ခုသာ။
နေဒွေးဒံသည် ယခင်တစ်ချိန်က အစိုးရဘက်မှခန့်အပ်သောတရားဝင်စုံထောက်ကျော် သို့မဟုတ် နိုင်ငံ၏အတော်ဆုံး လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်ခဲ့ဖူးသည်။ သို့ရာတွင် တစ်နေ့၌ ရုံးအတွင်း အဖွဲ့သားအချင်းချင်း ခိုက်ရန်စကားများကြရာမှာ နေဒွေးဒံဘက်က လက်လွန်သွားခဲ့သည်။ လူအသေအပျောက်မရှိခဲ့သော်လည်း သူ့ဘက်ကနေ ထိုလူများကို သေနတ်ဖြင့် လက်များနှင့်ခြေထောက်များကို ပစ်မိခဲ့၍ ထောင် နှစ်လကျခံခဲ့ရသလို ရာထူးကနေ အပြီးတိုင် နုတ်ထွက်ခဲ့ရသည်။

YOU ARE READING
Eternal Sunshine {The Criminal Syndrome} //COMPLETED //
Romanceနှလုံးသားရဲ့ အမှောင်မိုက်ဆုံးနေရာမှာ အလှပဆုံးဖြာကျနေတဲ့ နေရောင်ခြည်လေးဟာ မင်းပါပဲ။ မင်းပေးတဲ့ မေတ္တာတွေကြောင့် ပြိုလဲလုဆဲ ငါ့ကမ္ဘာဟာ တစ်ဖန် ရှင်သန်ခွင့်ရခဲ့ပေါ့။ စိတ္တဇ၊ အရိုင်းဆန်လွန်းတဲ့ ဒီ universe ထဲ လမ်းပျောက်နေတုန်း မင်းသာ ငါ့ရဲ့လမ်းပြကြယ်၊ ...