အခန်း (၁၅)
ကျွန်တော် အမြတ်နိုးဆုံး နေရောင်ခြည်ငွေ့လေး"အိမ်မက်ဆိုးပင်လယ်ထဲမှာ
လက်ပစ်ကူးခတ်နေခဲ့တဲ့
ဒုက္ခသည် ကျွန်တော့်အတွက်တော့
အစ်ကိုဆိုတာ
မေတ္တာဓာတ်တွေ မှီခိုရာကျွန်းစုလေးပေါ့။ရေမွှန်းနေခဲ့တဲ့ စိတ္တဇကောင်ကို
ကူကမ်းပေးလိုက်တဲ့
အစ်ကို့လက်တွေဟာ
အကြင်နာတွေနဲ့ နွေးထွေးလို့။အခိုက်အတန့်တိုတိုလေးမှာ
အစ်ကို့ကျေးဇူးတော်တွေကြောင့်
အကြင်နာတွေပြည့်လျှံနေတဲ့
အောက်ဆီဂျင်တွေကို
တဝကြီး ရှူရှိုက်နိုင်ခဲ့တယ်။အဖွင့်မလှခဲ့တဲ့
Joker တစ်ကောင်ရဲ့ဇာတ်လမ်းအစမှာ
အစ်ကိုဆိုတာ
အဖြူရောင်ကောင်းကင်တမန်တော်တစ်ပါးမို့
အဆုံးသတ်မှာ
Joker ရဲ့သရုပ်မှန်ကို သိရခဲ့လည်း
အနည်းဆုံးတော့
အစ်ကို့ရဲ့တောင်ပံဖြူလေးတွေကို
ဖြန့်ကျက်ပေးထားမယ်မလား။အနည်းဆုံးတော့
Devil တစ်ကောင်ရဲ့Sinတွေကို
သနားငဲ့ညှာပေးနိုင်မလား။လူသားတွေမွေးထုတ်ပေးခဲ့တဲ့
ဒီ Satan ကောင်က
အစ်ကိုချီးမြှင့်ပေးမယ့်
၁၅၀၀နဲ့ ၅၂၈ Blessing တွေကြောင့်ပဲ
ငရဲမှာ အပြုံးမပျက်နိုင်မှာ
လက်ခလယ်နှစ်ခုကို
ဂုဏ်ယူစွာ ထောင်ရင်း...နောက်ဆုံးမှာ
ကိုးကွယ်ရာ အစ်ကို့နာမတော်ကို
ရေရွတ်ရင်း...။"▣ ▣ ▣ ▣ ▣ ▣
နေဒွေးဒံခမျာ သျှန်ဝေးနှင့်အဆက်အသွယ်ပြန်ရရင် ၁ ပတ်တိတိ သျှန်ဝေးအသုံးပြုနေသော ဆိုရှယ်မီဒီယာအကောင့်များသို့ စာလွှာများစွာ ပို့နေခဲ့သည်။ တွဲကြတာ တစ်လတောင်မပြည့်သေးချိန်မှာ သျှန်ဝေးနှင့်ပြတ်သွားသဖြင့် မခံစားနိုင်ပေ။
ဤသည်ကလည်း သူ့ဘဝတွင် ပထမဦးဆုံးအကြိမ် ရည်းစားထားဖူးခဲ့ပြီး ပထမဦးဆုံးအကြိမ် လမ်းခွဲဖူးခြင်းဖြစ်ပေသည်။ ထို့ကြောင့် အသည်းကွဲခြင်းကလည်း သူ့အတွက် ပထမဦးဆုံးအကြိမ်သာ။
ယခုတွင်လည်း သျှန်ဝေး၏ဝတ္ထုရေးတင်နေသောဝက်ဘ်ဆိုက်တွင် တည်ရှိသော ဗစ်တာဗြောက် ကလောင်အကောင့်၏ချက်ဘောက်တွင်လည်း စာအဆက်မပြတ်ပို့နေခဲ့၏။

YOU ARE READING
Eternal Sunshine {The Criminal Syndrome} //COMPLETED //
Romantizmနှလုံးသားရဲ့ အမှောင်မိုက်ဆုံးနေရာမှာ အလှပဆုံးဖြာကျနေတဲ့ နေရောင်ခြည်လေးဟာ မင်းပါပဲ။ မင်းပေးတဲ့ မေတ္တာတွေကြောင့် ပြိုလဲလုဆဲ ငါ့ကမ္ဘာဟာ တစ်ဖန် ရှင်သန်ခွင့်ရခဲ့ပေါ့။ စိတ္တဇ၊ အရိုင်းဆန်လွန်းတဲ့ ဒီ universe ထဲ လမ်းပျောက်နေတုန်း မင်းသာ ငါ့ရဲ့လမ်းပြကြယ်၊ ...