CHAPTER 18 (U)

513 28 0
                                    

အခန်း (၁၈)

ခင်ဗျားရှိတဲ့အရပ်တိုင်းမှာ
ရောင်ခြည်ဖြာတွေ အစဥ်လွှမ်းတယ်

ကျွန်တော်ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ဝတ္ထုတစ်ပုဒ်ထဲမှာ ဒုစရိုက်သမားတစ်ယောက်က သူ့တစ်ဘဝလုံး ဒုစရိုက်အလုပ်တွေလုပ်ပြီး ပျော်မွေ့နေခဲ့ရာကနေ သူချစ်တဲ့မိန်းကလေးနဲ့ တွေ့သွားတဲ့နောက်ပိုင်းမှာ ဒုစရိုက်လောကကနေ အပြီးတိုင်ထွက်ခဲ့တယ်။ ပြီးတော့ မိသားစုဘဝလေး ထူထောင်ခဲ့ရင်းနဲ့မှ သူ့ဘဝသစ်တစ်ခုကို အချိန်တစ်ခုထိ အေးအေးချမ်းချမ်း ကုန်ဆုံးနေခဲ့တယ် ဆိုပါတော့။

နောက်ပိုင်း ဒုစရိုက်လောကထဲက လူသိတစ်ယောက်နဲ့ပြန်ဆုံတဲ့အချိန်မှာ အဲဒီလူက သူ့ဆီအတင်းအကျပ် အကူညီတောင်းတယ်။ မကူညီရင် အရင်ကသူ့အတိတ်ကို ပြန်ဖော်ပြီး ထောင်ကျအောင် လုပ်မယ်ဆိုတာနဲ့ သူ့မှာမိသားစုကိုတောင် ဘာမှမပြောနိုင်။ ဒီလိုနဲ့ အေးချမ်းတဲ့မိသားစုလေးကို စွန့်ခွာပြီး နောက်ထပ် ဒုစရိုက်လောကထဲကို ပြန်ဝင်သွားခဲ့တယ်။

မဟုတ်ရင် သူ့မိသားစုကိုပါ ထိခိုက်လာမှာစိုးတာကြောင့်ပေါ့။

ကျွန်တော်တော့ အဲဒီဝတ္ထုထဲက ဇာတ်ကောင်လို မဖြစ်ချင်နေဘူး။ ဒါကြောင့် ကျွန်တော်ကပဲ နောက်ကြောင်းရှင်းအောင် ဇယားတွေကိုရှင်းစရာရှိသမျှ အကုန်အပြတ်ရှင်းထားရတော့မယ်မလား။ ရှေ့လျှောက် အနာဂတ်က လှပမလား။ ဆိုးဝါးမလား သေချာမသိနိုင်နေတာ။

အနည်းဆုံးတော့ ချစ်ရသူနဲ့ပျော်စေနိုင်ဖို့အရေးတတ်နိုင်သလောက် ကြိုးစားကြည့်ချင်တယ်။ ကြိုးစားလို့ အရှုံးနဲ့တွေ့ခဲ့မယ်ဆိုရင်တောင် အဲဒီအရှုံးကို ကျွန်တော်ကပဲ လက်ခံမယ်။

ဂေဟာကနေ မွေးစားခံရပြီးနောက်ပိုင်း ကျွန်တော် အမှန်တကယ် မပျော်နိုင်ခဲ့တာ ကြာပါပြီ။ အစ်ကိုနေဒွေးဒံက ကျွန်တော့်ပျော်ရွှင်မှုလေးလို့ ဆိုနိုင်တယ်။ ကျွန်တော့်အပြုံးတွေကို အမြဲတမ်း နွေးထွေးစေတဲ့ နေရောင်ခြည်နွေးဖျဖျလေးက အစ်ကိုနေဒွေးဒံပါပဲ။

အစ်ကိုနဲ့ပြန်မမဆုံခင်က ခဏခဏတွေးမိနေတဲ့ မေးခွန်းတစ်ခုက...

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now