Chapter 26 (U)

368 26 0
                                    

အခန်း (၂၆)
Sherlock Holmes & Joker (၁)

"စာအုပ်စာပေ လူ့မိတ်ဆွေတဲ့။ ကျွန်တော့်အတွက်တော့ အဲဒီစကားပုံက ပိုမှန်လိမ့်မယ်။ ပျော်ရွှင်မှုမရှိ၊ အပေါင်းအသင်းမရှိခဲ့တဲ့ ကျွန်တော့်ဘဝမှာ စာအုပ်တွေကပဲ အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ ရသစာပေ၊ ကဗျာနဲ့ အချစ်ဝတ္ထုတွေကအစ သရဲဝတ္ထု၊ မှော်ဂမ္ဘီရဝတ္ထု၊ စုံထောက်ဝတ္ထု၊ စူပါဟီးရိုးဝတ္ထုတွေအပြင် အပြာဝတ္ထုတွေပါမကျန် စာပေအမျိုးအစားအားလုံးကို ဖတ်ခဲ့ဖူးတယ်။

စာအုပ်တွေဖတ်ပြီး စိတ်ခံစားချက်ချင်း ထပ်တူကျတဲ့ ဇာတ်ကောင်တွေကိုတွေ့တဲ့အခါ ကျွန်တော်နဲ့ ဘဝတူသူငယ်ချင်းတွေကို ရရှိလိုက်သလို ခံစားရတယ်။ ခင်ဗျားတို့ရော ဘယ်လိုအတွေးတွေနဲ့ စာဖတ်ကြလဲ။

ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းနဲတွေ့ပြီးနောက်ပိုင်းမှာ သူက ကျွန်တော့်မှာ စာရေးဖို့ ပါရမီပါလာတယ်လို့ ထပ်ခါတလဲလဲ အားပေးခဲ့ပေမဲ့ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့ဘူး။ နောက် သူငယ်ချင်းနဲ့လည်းဝေး၊ မိဘမဲ့လည်းဖြစ်လို့ တစ်ယောက်တည်းဖြစ်သွားတဲ့နေ့ကနေစပြီး စာတွေ စရေးဖြစ်သွားတယ်ပေါ့ဗျာ။ ကလောင်နာမည်ကို ဘယ်လိုပေးရင် ကောင်းမလဲ စဉ်းစားတော့ ငယ်ငယ်တုန်းက ကျွန်တော့်ရဲ့ချစ်လှစွာသောအစ်ကိုတစ်ယောက် စဥ်းစားပေးခဲ့တဲ့ "ဗစ်တာဗြောက်" ကလောင်နာမည်ကိုပဲ အတည်ယူဖြစ်ခဲ့တယ် ဆိုပါတော့။

အဲဒီနောက်ပိုင်း ကျွန်တော်ကိုယ်ပိုင် website လေးထောင်ပြီး အမြဲတမ်းစိတ်ကူးပေါက်ရာစာတွေကို ရေးနေခဲ့တယ်။ အဲဒီကနေတစ်ဆင့် ကျွန်တော့်ရဲ့ပေါက်ကရဝတ္ထုတွေက တဖြည်းဖြည်းနာမည်ကြီးလာပြီး နိုင်ငံကျော်လာခဲ့တယ်။ ကျွန်တော့်ဝတ္ထုတွေကို စာအုပ်တိုက်ပေါင်းစုံက လာကမ်းလှမ်းကြပေမဲ့လည်း ကျွန်တော်ရေးသမျှက စာအုပ်ထုတ်ရလောက်တဲ့အထိ အဆင့်မမီဘူးလို့ ခံယူထားခဲ့တဲ့အတွက် တိုက်အကုန်ငြင်းပစ်ခဲ့တယ်။ ရောင်းရင်တောင် ဝယ်မဲ့သူများပါစေဦး။ နည်းပါစေဦး။ ကျွန်တော့််စာဖတ်ပရိသတ်တွေဆီ အကောင်းဆုံးတွေပဲ ပေးချင်ခဲ့တာလေ။

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now