အိပ်လို့ကောင်းနေတုန်းရှိသေးတယ် အိမ်အောက်ကအသံတစ်ချို့ကြောင့် ကျွန်မနိုးလာခဲ့တယ်။ မထချင်သေးတာကြောင့် ခနမှိန်းနေရင်း အသံတွေကိုနားစွင့်ကြည့်တော့ မသဲမကွဲရယ်...
ရယ်မောသံတွေရဲ့ကြားထဲမှာ နာမည်တစ်ခုကိုခပ်သဲ့သဲ့လေးကြားလိုက်ရတဲ့အချိန် မှိတ်ထားတဲ့မျက်ဝန်းတစ်စုံက ချက်ချင်းပွင့်လာတယ်။ သေချာအောင်လို့ ထပ်မံနားစွင့်မိပြန်တော့လဲ...
'yoona!'
ကျွန်မလဲ အသွက်လက်ဆုံးခြေလှမ်းတွေနဲ့အိမ်အောက်ကိုပြေးဆင်လာကာ ဧည့်ခန်းဆီသို့...
"Yah!! Sull yoona!"
ကျွန်မအော်သံလဲကြားရောလှည့်ကြည့်လာတဲ့သူမ
"အင့်!"
"အားး ခါးကျိုးတော့မှာပဲ ဖယ်စမ်းBaeရယ် နင့်အရပ်ကြီးနဲ့ခွမထားနဲ့"
အားရဝမ်းသာစွားနဲ့ သူမပေါ်ခုန်တက်လိုက်တာကြောင့် မရှိန်မထိန်းနိုင်ပဲ နှစ်ယောက်စလုံးကြမ်းပြင်ပေါ်ပစ်လဲသွားတယ်။ yoonaကကျွန်မရဲ့အောက်မှာပါ။
"ဟဲ့သမီးရေ Yoonaလေးအခုမှခရီးကပြန်ရောက်တာကိုသနားပါတယ် အပေါ်ကဖယ်ပေးလိုက်ပါအုံးဟဲ့"
အမေလုပ်တဲ့သူကလည်းဝင်ပြောနေတာမို့ သွားဖြီးပြပြီးဖယ်ပေးလိုက်ရတယ်။ အမေကတော့လုပ်စရာရှိသေးလို့ဆိုပြီး နောက်ဖေးကိုထွက်သွားတယ်။
"Yoona ရ ငါကနင်ဟိုမှာ တစ်ပတ်လောက်ကြာမယ်ထင်ထားတာ"
ဆိုဖာပေါ်ကာ နာသွားတဲ့ဖင်လေးကိုပွတ်ရင်းရှုံ့မဲ့မဲ့ဖြစ်နေတဲ့ သူငယ်ချင်းမလေး
"အင်း အစကတော့ငါလဲတစ်ပတ်လောက်ကြာမယ်ထင်တာ"
"လွမ်းနေတာYoona yah~~~"
ကျွန်မကချွဲ့ပစ်နေတဲ့လေသံနဲ့ပြောလိုက်တော့ Yoonaကမျက်နှာကိုရှုံ့မဲ့ပြလိုက်တယ်။
"တော်ပါ ငါမရှိတော့ နင်နဲ့အတူလျှောက်လည်ပေးမယ့်သူမရှိတော့လို့မလား"
Yoonaပြောတာလည်းမမှားတာမို့ ကျွန်မသွားသာအကုန်ပေါ်အောင်ပြုံးပြဖို့ပဲတတ်နိုင်ပါတယ်
"ဒါနဲ့လေ ငါ့တို့သင်တန်းနားကဘားလေ.."
Yoonaကပဲဆက်ပြီး
"ပိတ်သွားပြီ အဲ့ဘားနေရာမှာကော်ဖီဆိုင်တစ်ခုလာဖွင့်ထားတယ်။ ဒီနေ့ငါခရီးကပြန်လာတော့ အဲ့နားကဖြတ်သွားတုန်းတွေ့ခဲ့တာ"
YOU ARE READING
Fanfic"အဆုံးသတ်မှာမပေါင်းဖက်ခဲ့ရရင်တောင် အမုန်းတရားတွေမပါဘဲ ဇာတ်သိမ်းသွားရင် အဲ့တာလည်း Happy Ending ပဲမလား အစ်မ..."