Diary-2(Uni+Zg)
36 6 0
ဒီနေ့လီလီနိုင်ငံခြားကခနပြန်လာတာမလို့ထုံးစံအတိုင်းထိုင်နေကျအအေးဆိုင်လေးမှာစကားပြောဖြစ်ကြတယ်
ဆိုင်ထဲကိုအရိပ်ငယ်လေးဝင်မလာခင်အချိန်ထိ ကျွန်မတို့စကားကောင်းနေခဲ့ကြတာ
အချိန်တွေကြာလာတာတောင်ကျွန်မရင်ခုန်သံတွေကအရင်လိုတူညီစွာခုန်ပေါက်နေတုန်းပဲ
ကလေးကတစ်ယောက်ယောက်ကိုစောင့်နေသလိုမျိုးပဲ
နာရီနဲ့ချီကြာမှရောက်လာတဲ့မိန်းကလေး ကလေးကသူ့ကောင်မလေးနဲ့ချိန်းထားတာပဲ
ကျွန်မတို့ထပြန်ဖို့အလုပ်မှာကလေးကဆိုင်ထဲကနေပြေးထွက်သွားတယ်
အပြင်မှာမိုးတွေရွာနေတာကိုလေဒီကလေးကတော့
ကျွန်မလီလီရဲ့ကားထဲကထီးတစ်ချောင်းအမြန်ထုတ်ပြီးကလေးငယ်နောက်ပြေးလိုက်ခဲ့တယ်
ဘာတွေဖြစ်နေတာလဲ ကျွန်မထင်ထားမမှားရင်ကလေးရဲ့မျက်ဝန်းတွေပြိုကျနေတာ
မဟုတ်မှ ကျွန်မစိုးရိမ်ခဲ့တာတွေဖြစ်လာပြီလား
*******
ဒီနေ့ကလေးကျောင်းပြန်တက်နေတဲ့အကြောင်းကြားတယ်
အဲ့ကိစ္စဖြစ်ပြီးကတည်းကကလေးအချိန်အတော်ကြာအောင်ပျောက်နေခဲ့တာ
အဲ့နေ့ကမိုးရေထဲမှာပြိုလဲနေတဲ့ကလေးကိုကျွန်မတွဲခေါ်ခဲ့တယ်
လီလီကလည်းသူ့ကားပေါ်အမြန်တင်ပြီးပိမ်ပြန်လိုက်ပို့ခဲ့တယ်
ကျွန်မတို့ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပေးခဲ့ပေမယ့်ကလေးကစိတ်နဲ့လူနဲ့မကပ်သလိုပါပဲ
ကလေးရဲ့အခုပုံစံကကျွန်မကိုနာကျင်စေတယ်
*******
ဟင်! အဲ့တာဆိုငါမေ့ပစ်ခဲ့တဲ့အခြမ်းမှာအစ်မကရှိနေခဲ့တာပဲ။ နေပါဦး ဒါဆိုjinniကရော ကျွန်မjinniအကြောင်းစုံစမ်းဖို့လိုအပ်နေပါပြီ
*******
ဒီနေ့ကလေးစာမေးပွဲနောက်ဆုံးနေ့
ကျွန်မလုပ်နေကျအတိုင်းစာမေးပွဲစဖြေကတည်းကအသိတွေရဲ့အကူအညီနဲ့ကလေးစာအုပ်အိတ်အပေါ်ဒေစီတစ်ပွင့်သွားတင်ထားတယ်
ဒါပေမယ့်ကလေးရဲ့တုန့်ုပြန်မှုကတော့ထူးမခြားနားပါပဲ
ကလေးကလေသူဘေးနားကသူတွေကိုလျစ်လျူရှုရတာတော်တာပဲ
*******
ကျွန်မရဲ့တစ်နေ့တာမှာကလေးကမပါမဖြစ်ပါ
အားတာနဲ့သူ့နောက်တစ်ကောက်ကောက်လိုက်ပြီးစောင့်ကြည့်ရတာအမော
လီလီရဲ့အကြံကြောင့်အခုတော့ကလေးရဲ့အနားကနေစောင့်ကြည့်ဖို့အခွင့်အရေးရလာပါတယ်
ကလေးတို့သင်တန်းနားကဘားဆိုင်ကိုဝယ်ရဖို့မနည်းကြိုးစားလိုက်ရတယ်
အစကတော့ဆိုင်ပြင်အုံးမလို့စဉ်းစားထားပေမယ့်ကလေးအနားမြန်မြန်ရောက်ချင်နေတာမို့ဒီတိုင်းပဲထားလိုက်တော့တယ်
ဒါတောင်နောက်တစ်ပတ်နေမှဆိုင်ကိုရမှာအရင်ပိုင်ရှင်ကနှုတ်ဆက်ပွဲလုပ်ဖို့ခနတောင်းထားတယ်လေ
ခနပဲစောင့်ပေးပါ အစ်မမင်းအနားကိုလာခဲ့မယ်ကလေးငယ်