Part 10(Uni+Zg)
45 7 0
ဒီနေ့yoonaကကျွန်မကိုပြောစရာရှိတယ်ဆိုပြီး စောစောထွက်ခဲ့ဖို့ပြောပါတယ်။ အိမ်ကိုတောင်လာမခေါ်နိုင်ရတဲ့အထိ Yoonaကဘာများပြောစရာရှိနေတာပါလိမ့်။
သို့သော်လည်းချိန်းထားတဲ့နေရာမှာ Yoonaတစ်ယောက်ထဲမဟုတ်ဘဲ အခြားမိန်းကလေးတသ်ယောက်ပါရှိနေတယ်။ ပြီးတော့Yoonaကကျွန်မတို့နှစ်ယောက်ကိုမိတ်ဆက်ပေးတယ်။ သူမနာမည်ကJinniတဲ့လေ။
ကျွန်မရှေ့ကJinniဆိုတဲ့မိန်းကလေးကိုကြည့်လိုက်တော့ ဟိုနေ့ကBaseballကွင်းမှာyoonaနဲ့အတူထိုင်နေတဲ့မိန်းကလေးပဲ။ ဒါပေမယ့် သူမမျက်နှာကိုကျွန်မတစ်နေရာမှာ မြင်ဖူးနေသလိုပဲ...
"အဲ့တာ့jinniက ငါနဲ့yoonaနဲ့အတူအကသင်တန်းလိုက်တက်မှာပေါ့"
"အင်း ငါလဲစိတ်ဝင်စားလို့လေ့လာကြည့်ချင်လို့ပါ"
အဲ့လိုနဲ့ပဲ ကျွန်မတို့သုံးယောက်ပေါင်းဖြစ်သွားကြပါတယ်။ အစကကျွန်မနဲ့ Jinniအဆင်ပြေပါ့မလား စိုးရိမ်ခဲ့ပေမယ့် အံ့သြစရာကောင်းလောက်အောင် အဆင်ပြေနေခဲ့ပါတယ်။ Jinniကကျွန်မနဲ့အစ်မအကြောင်းသိသွားတော့လဲ မကန့်ကွက်တဲ့အပြင် ကြိုစားကြည့်ဖို့ပါတိုက်တွန်းနေသေးတယ်။ ပြီးတော့ သူမမှာလဲ ကျွန်မလိုပဲသဘောကျနေတဲ့မိန်းကလေးရှိတယ်တဲ့လေ။ သူမအဲ့လိုပြောလိုက်တဲ့အချိန်မှာ ကျွန်မအတွေးထဲဝင်လာတဲ့သူက
'Yoona'
ဟုတ်ပါတယ် JinniကYoonaအပေါ်မှာတစ်ခုခုခံစားချက်ရှိနေသလိုပဲ ဒါပေမယ့် ကျွန်မမသိချင်ယောင်ပဲဆောင်လိုက်ပါတယ်။
"ဒါနဲ့ Jinni yah နင်နဲ့ငါအရင်တုန်းကတွေ့ဖူးကြလား"
သင်တန်းခနနားတုန်းYoonaက ကျွန်မတို့အတွက်အအေးသွားဝယ်ပေးနေတာကြာင့် ကျွန်မနဲ့Jinniပဲကျန်ခဲ့တယ်။ Jinniကိုကြည့်ရင်း ကျွန်မစိတ်ထဲရင်းနှီးနေတဲ့ခံစားချက်ကြောင့် မေးလိုက်ရခြင်းဖြစ်တယ်။
"ဟင် မတွေ့ဖူးပါဘူး။ နင်စိတ်ထဲတစ်ယောက်ယောက်နဲ့မှာနေတာနေမှာပါ"
Jinniပုံစံက ဘာမှမထူးခြားတဲ့ပုံစံနဲ့မို့ကျွန်မလဲ ငြိမ်နေလိုက်တယ်။ ဟုတ်ပါတယ် နာမည်တူမခြား လူတူမခြားဆိုတာလည်းရှိတာပဲဟာ။