၁လပြည့်သွားပြီဖြစ်တာကြောင့်ကျွန်မတို့သင်တန်းပြန်တက်ရတယ်။ jinniထွက်သွားတုန်းက yoonaပြိုလဲနေတာကိုကြည့်ပြီး ဘာလို့များjinniကိုယုံကြည်မိခဲ့တာပါလိမ့်ဆိုပြီးကျွန်မတစ်ကယ်နောင်တရမိတယ်။ Yoonaကိုအမှောင်ထုထဲကဆွဲထုတ်ခဲ့ပေမယ့် yoonaကတော့jinniပြန်လာတာကိုစောင့်ရင်းနဲ့ရှင်သန်သွားချင်တယ်တဲ့။ အဲ့yoonaဟာလေတစ်ကယ်ပါပဲ။
"baeနင်ကောင်းကောင်းမွန်မွန်နေ ပြဿနာမရှာနဲ့နော်"
ဒီနေ့yoonaကသူ့မိဘတွေနဲ့အတူသူ့အဘိုးအဘွားတွေဆီသွားလည်မှာဖြစ်တယ်။ ဒါကြောင့် ကျွန်မတစ်ယောက်ထဲသင်တန်းသွားရမှာ
"yoona နင်ငါ့ကိုအားတိုင်းယားတိုင်းပြဿနာရှာနေတယ်လို့မြင်နေတာ အဟင့်"
"တော်တော်bae ဒီနေ့juniorတွေလာမှာ အဲ့တာကြောင့်ပြောနေတာ"
ဟုတ်သားပဲ ကျွန်မအဲ့တာကိုလုံးလုံးမေ့နေခဲ့တာ။ ဒါပေမယ့်ကိစ္စမရှိပါဘူး ဘယ်သူကများyoonaလောက်ကျွန်မအနားကြာကြာနေနိုင်မှာမလို့လဲ အချိန်တန်ရင်သူ့partnerနဲ့သူဖြစ်သွားကြမှာ။ ဒါပေမယ့်yoonaစိတ်ချမ်းသာအောင်တော့ခေါင်းငြိမ့်ပြခဲ့လိုက်ရသေးတယ်။
'ငါမမဆီဝင်ရင်ကောင်းမလား'
တွေးတာကနောက်ကျနေပါသေးတယ် ကျွန်မခြေလှမ်းတွေကမမဆိုင်ကိုဦးတည်နေပြီ။ ကော်ဖီကောင်တာကမမပုံစံကပင်ပန်းနေတဲ့ပုံပဲနေမကောင်းဘူးလားမသိဘူး
ကျွန်မအနားရောက်သွားတော့လဲ ပြုံးပြတာကခပ်ဖျော့ဖျော့လေးရယ်"မမ"
"ရှင့်"
မပြောင်းလဲဘူး မမကလေအမြဲကျွန်မကိုဆက်ဆံတဲ့ပုံလေးတွေကိုဘယ်တော့မှမပြောင်းလဲဘူး။ ကျွန်မဖြင့်ဒီအမျိုးသမီးလေးကိုချစ်လိုက်ရတာ
"နေမကောင်းဘူးလားဟင်"
"အွန်း နည်းနည်းပင်ပန်းနေလို့"
ဒီစကားကိုမမကကျွန်မရင်ခွင်ထဲအသာတိုးဝင်ရင်းဖြေလိုက်တာပါ။
"အဲ့တာဆိုဆိုင်ပိတ်ပြီးအိမ်မှာနားနေလေ ကလေးလိုက်ပို့ပေးမယ်"
"ရပါတယ်ဆိုင်မှာလဲလူသိပ်ရှိတာမဟုတ်ဘူး မမအခုပဲဆိုင်ပိတ်ပြီးသွားလိုက်မယ် ကလေးသင်တန်းရှိသေးတယ်မလား"
YOU ARE READING
Fanfiction"အဆုံးသတ်မှာမပေါင်းဖက်ခဲ့ရရင်တောင် အမုန်းတရားတွေမပါဘဲ ဇာတ်သိမ်းသွားရင် အဲ့တာလည်း Happy Ending ပဲမလား အစ်မ..."