ကျွန်မ မမဆီကပြန်ရောက်လာပြီးနေ့လယ်လောက်မှာ yoonaကကျွန်မဆီရောက်လာခဲ့တယ်။ အခုချိန်မှာကျွန်မyoonaဆီကနှစ်သိမ့်ပေးမှာကိုမခံချင်သေးဘူး။yoonaကလဲ သူ့ပုံစံနဲ့သူနာကျင်နေရတာပဲမလား။
"Bae ငါဖက်ထားပေးရမလား"
"ငါမငိုချင်ဘူးyoona"
ဟုတ်တယ် ကျွန်မတစ်မနက်ခင်းလုံးရီးလိုက်ငိုလိုက်ဖြစ်နေတာ ကြာရင်ရူးတော့မှာပဲ။ ဒါကြောင့်မငိုချင်တော့ဘူး။ ကျွန်မကိုဘာမှမေးမလာပုံထောက်ရင် Yoonaကိုမမကလှမ်းပြောလိုက်ပုံပေါ်တယ်
"တစ်ြခားသူတွေကိုချစ်ရတာက နာကျင်စေတယ် ဘယ်သူ့ကိုမှမချစ်တော့ပဲငါတို့နှစ်ယောက်ပဲယူလိုက်ကြရအောင်လား"
"...."
ကျွန်မစကားအဆုံး၌ yoonaရဲ့မျက်စောင်းကဒိုင်းခနဲရောက်ရှိလာတယ်
"ငါ ငါကစတာပါ"
"နင်အခုချိန်မှာစနောက်နိုင်သေးတယ်နော်"
"...."
"အစ်မကတစ်ခုခုကိုအထင်လွဲနေတာbae နင်ရှင်းပြသင့်တယ်"
"သူက ငါ့ကိုမယုံတာလေyoonaရဲ့"
Yoonaလဲမတတ်နိုင်တော့တဲ့ပုံစံဖြင့်သာငြိမ်နေလိုက်တော့တယ်။ ကျွန်မတို့သူငယ်ချင်းနှစ်ယောက်ကျမှဘာလို့အခုလိုဖြစ်နေကြရတာလဲ...
*******
အချိန်အားဖြင့်၁လနီးပါးကြာမြင့်ခဲ့ပြီ
ကျွန်မအရင်လိုပဲဘဝကိုပြန်ဖြတ်သန်းဖို့ဆုံးဖြတ်လိုက်တယ်။ အရင်လိုမဟုတ်တော့တာကတော့ ကျွန်မမှာအပြုံးအရယ်ဆိုတာမရှိသလောက်ရှားသွားပြီ။ yoonaကတော့ကျွန်မအခုလိုဖြစ်နေတာကိုလုံးဝမကြိုက်ကြောင်းခနခနပြောတယ်။အခုဆို ကျွန်မရယ် yoonaရယ်အပြင် jiwooပါရှိနေပြီ။ Jiwooကလဲကျွန်မပျော်အောင်နည်းမျိုးစုံသုံးပြီးကြိုးစားပေမယ့် ကျွန်မမပျော်တော့ဘူး။ ဒီဘဝမှာရှင်သန်နေရတာကျွန်မမပျော်တော့ဘူး။ မမနဲ့အခုလိုပြဿနာဖြစ်ပြီးနောက်မှသိလိုက်ရတာ ကျွန်မjiwooအပေါ်တစ်ကယ်ဘာခံစားချက်မှမရှိတော့တာပဲ။ သူမအပေါ်အားနာတဲ့စိတ်ကလွဲရင် ကျွန်မရဲ့စိတ်ခံစားချက်အလုံးစုံကမမအပေါ်မှာနစ်မြုပ်ကုန်ပြီ။
YOU ARE READING
Fanfiction"အဆုံးသတ်မှာမပေါင်းဖက်ခဲ့ရရင်တောင် အမုန်းတရားတွေမပါဘဲ ဇာတ်သိမ်းသွားရင် အဲ့တာလည်း Happy Ending ပဲမလား အစ်မ..."