Diary-1(Uni+Zg)
37 6 0
ငါဒီဒိုင်ယာရီကိုရေးဖြစ်မယ်လို့တစ်ကယ်မမျှော်လင့်ထားဘူး
ဒါပေမယ့် အဲ့ကလေးကသိပ်ချစ်ဖို့ကောင်းနေတယ်
ငါ့တစ်နေ့တာမှာသူ့အကြောင်းတွေကိုမှတ်သားထားချင်တယ်
*******
ဒိုင်ယာရီရဲ့ပထမဆုံးစာမျက်နှာမှာ ဒီစာပိုဒ်လေးနဲ့အစချီထားတယ်။ နေပါဦးအစ်မကဘယ်သူ့အတွက်ဒိုင်ယာရီရေးခဲ့တာလဲ
*******
ငါဒီနေ့လဲအလယ်တန်းဆောင်ဘက်ကနေလှည့်ပြန်ခဲ့တယ်
မနေ့ကအကြောင်းတစ်ခုကြောင့်ဒီဘက်ကအပြန်မှာအဲ့ကောင်မလေးကိုတွေ့ခဲ့တာ
ဒါကြောင့်ဒီနေ့လီလီ့ကိုတစ်ယောက်ထဲပြန်ခိုင်းလိုက်တာ
ဒါပေမယ့်စိတ်မကောင်းစရာကငါဒီနေ့တော့သူမကိုမတွေ့ခဲ့ဘူး
*******
ဒီနေ့ကျောင်းပိတ်ရက်
ငါအရင်ကကျာင်းတက်ရတာမကြိုက်ပေမယ့် အခုတော့မဟုတ်တော့ဘူး
သူမဘယ်သူလဲဆိုတာငါမသိဘူးဒါပေမယ့်ငါ့ထက်ငယ်မှာတော့သေချာတယ်
ငါသူမကိုလွမ်းတယ်
*******
ဒီနေ့လီလီရဲ့အကူအညီနဲ့သူမအကြောင်းငါလိုက်စုံစမ်းနေမိတယ်
သူမနာမည်က ဘယ်ဂျင်ဆိုးတဲ့
သူမနဲ့တော်တော်များများကမပေါင်းသင်းချင်တဲ့အပြုအမူမျိုးတွေ့ရတာကို ငါသဘောမကျဘူး
သူမမှာဆောယွန်းနာ့လို့ခေါ်တဲ့သူငယ်ချင်းတစ်ယောက်ပဲရှိတယ်
သူမကငါ့ထက်တစ်နှစ်ငယ်တာမို့ငါကတော့'ကလေး'လို့ပဲခေါ်တော့မယ်
ငါ့မှာအဲ့လိုခေါ်ခွင့်တော့ရှိတယ်မလား
*******
ခန!ဘာလဲ အစ်မက င-ငါ့အကြောင်းရေးထားတာလား။ကျွန်မအကြောင်းဆိုတဲ့အသိမှာ စိတ်လှုပ်ရှားမှုတွေအလုအယက်ဝင်လာကာ နောက်ထပ်စာမျက်နှာတွေကိုစိတ်ဝင်တစားဖတ်နေမိတယ်
*******
အခုငါအရမ်းဝမ်းနည်းနေတယ်
ကလေးနဲ့သူ့သူငယ်ချင်းဆိုတဲ့ကောင်မလေးကတစ်ခုခုပဲလို့ပြောနေကြတယ် မဟုတ်ပါစေနဲ့
ဒါ ဒါ သဝန်တိုတဲ့ခံစားချက်ကြီးလား
ငါမသိတော့ဘူး သူတို့ကလဲငါနဲ့လီလီလိုပဲဖြစ်မှာပါနော်
*******
ကျောင်းဂိတ်ပေါက်မှာရပ်စောင့်နေတဲ့ကလေးကိုတွေ့လိုက်ရတယ်
ငါအပျော်လွန်သွားပြီးကလေးဘးနားမှာယောင်လည်လည်နဲ့ရပ်နေပေမယ့် ကလေးကသတိမထားမိပုံပဲ
ဒါကိုသာလီလီသိရင်ငါကအရပ်ပုလို့ဆိုပြီးလှောင်နေတော့မှာ
ပြောလည်းပြောချင်စရာပါ ငါ့ကလေးရဲ့အရပ်ကအလယ်တန်းကျောင်းသူအရပ်နဲ့မတူပဲရှည်ထွက်နေလိုက်တာများ
ခနနေတော့သူ့သူငယ်ချင်းကောင်မလေးရောက်လာတာနဲ့သူတို့ထွက်သွားကြတယ်
ကလေးကငါ့ကိုတစ်ကယ်သတိမထားမိတာပဲ