အချိန်ကနှစ်ပတ်တိတိကုန်လွန်သွားပြီ။ ဒါပေမယ့်jiwooကတော့လက်မလျော့သေးဘဲ ကျွန်မနားမထောင်ချင်တဲ့အကြောင်းအရာတစ်ခုကိုပြောပြဖို့ကြိုးစားနေတုန်းပဲ။
Yoonaကတော့ နားထောင်ပေးလိုက်ဖို့အကြံပေးနေပေမယ့် ကျွန်မအဆင်မပြေဘူး။ တိုက်ဆိုင်လို့ပဲဖြစ်စေ ရည်ရွယ်ချက်ရှိလို့ပဲဖြစ်စေ ကျွန်မအနားjiwooရှိနေတဲ့အချိန်တွေဆို ကျွန်မတစ်ကယ်အဆင်မပြေပါဘူး။ ကျွန်မရဲ့မပြတ်သားချင်တဲ့စိတ်ကြောင့် မမအပေါ်ဖောက်ပြန်နေမိသလိုခံစားရတယ်။ ကျွန်မအဲ့ခံစားချက်ကြီးကိုမကြိုက်ဘူး
"အစ်မ အခုထိညီမကိုရှောင်နေတုန်းလား"
"ငါမင်းနဲ့ပြောစရာမရှိဘူးလို့ jiwooရဲ့"
"အစ်မစိတ်နာနေမှာသိပါတယ် ဒါပေမယ့် ညီမဘာလို့အခုလိုလုပ်ခဲ့ရလဲဆိုတာသေချာရှင်းပြမှဖြစ်မှာမို့လို့်.."
"ငါမကြားချင်ဘူးလို့!"
jiwooဘက်က အသံတိတ်သွားတာကြောင့် ကျွန်မထွက်သွားဖို့အလုပ် ထွက်လာတဲ့jiwooရဲ့အသံကြောင့် ကျောတွေမတ်သွားမိတယ်
"Oh Hae Won ဆိုတဲ့အမျိုးသမီးကြောင့်လား"
"!!!"
"အဲ့အမျိုးသမီးကြောင့်ညီမကိုအခုလိုဆက်ဆံနေတာလား"
"သူနဲ့မဆိုင်ဘူး"
"ညီမရှင်းပြတာကိုနားထောင်ပေး"
"..."
ကျွန်မရဲ့စိတ်ဆန္ဒကိုမေးခြင်းမရှိတော့ပဲ လက်ကိုဆွဲကာဆိုင်တစ်ဆိုင်ရဲ့ထောင့်ကျတဲ့နေရာကိုခေါ်သွားတယ်
'နားထောင်ပေးလိုက် ဟုတ်တယ် ဒီတိုင်းနားထောင်ပေးလိုက်ပြီးမမဆီအမြန်ပြန်သွားရမယ် ပြီရင်ဒီအကြောင်းတွေပြောပြရမယ်'
ကျွန်မလဲjiwooခေါ်ဆောင်သွားတဲ့သူ့အတိတ်တွေဆီသို့ တစ်ဖန်ရောက်ရှိခဲ့တယ်။
*******
Flashback at jiwoo sideကျွန်မမိဘတွေရဲ့အလုပ်အကိုင်ကြောင့်မြို့ခနခနပြောင်းပြီးသွားလာနေရတယ်။ ဒီနေ့လဲ ကျွန်မရဲ့ဘယ်နှစ်ကြိမ်မြောက်ကျောင်းဝင်ခွင့်ဖောင်ကိုဖြည့်နေရလဲ မသိတော့ပါဘူး။
![](https://img.wattpad.com/cover/336424360-288-k299899.jpg)
YOU ARE READING
Fanfiction"အဆုံးသတ်မှာမပေါင်းဖက်ခဲ့ရရင်တောင် အမုန်းတရားတွေမပါဘဲ ဇာတ်သိမ်းသွားရင် အဲ့တာလည်း Happy Ending ပဲမလား အစ်မ..."