ချွဲနွဲ့ကာပြောနေတဲ့ အမျိုးသမီးရဲ့စကားကို ကျွန်မကဘယ်လိုလုပ်လွန်ဆန်နိုင်ပါ့မလဲ။ ဒါကြောင့် ခေါင်းသာအသာငြိမ့်ပြကာ စိတ်ဆိုးချင်ယောင်ဆောင်မယ့်အစီအစဉ်ကိုဖျက်လိုက်ရပါတော့တယ်။
ကျွန်မတို့အားလုံး ညစာကိုအခန်းထဲမှာပဲစားလိုက်ကြတယ်။ ထို့နောက် မနက်ဖြန်မနက်ဈေးသွားဖို့ စောစောအိပ်ယာဝင်ဖို့ပြင်ကြတယ်။ ကျွန်မကတော့တကူးတကဝယ်စရာမလိုပါဘူး ဘာလို့ဆို ဒီကိုမလာခင်ကတည်းကယူလာတဲ့ဝတ်စုံရှိတယ်လေ။ Yoonaခွင့်ပြုပြုမပြုပြု ကျွန်မကတော့ဒါပဲဝတ်မှာ။
"ကလေး တစ်ကယ်ဒီဝတ်စုံဝတ်မှာလား yoonaစိတ်ဆိုးနေအုံးမယ်"
"သူ့ဘာသာစိတ်ဆိုးတာဆိုးပေါ့ ပြီးမှပြန်ချော့လိုက်မယ်။"
"ကလေးလေးကတော့လေ"
မမကခေါင်းလေးကိုဖြည်းငြင်းစွာခါယမ်းရင်း မနိုင်ဘူးဆိုတဲ့ပုံစံလုပ်ပြနေတယ်။
"မမ မကြိုက်ရင်တော့ မဝတ်တော့ဘူး"
"မဟုတ်တာကလေးရဲ့ မမကြိုက်ပါတယ်။ ကလေးနဲ့ဆိုချစ်ဖို့ကောင်းနေမှာ"
"တစ်ကယ်လား"
"အွန်း တစ်ကယ်"
ခေါင်းလေးတစ်ဆတ်ဆတ်ငြိမ့်ပြီးပြောနေတဲ့မမကချစ်စရာကောင်းလိုက်တာ။ ဒီအမျိုးသမီးကကျွန်မထက်အကြီးပါလို့ ဘယ်လိုများယုံကြည်ရပါ့မလဲနော်
"ဟင်!ကလေး"
ကြည့်နေရင်းနဲ့အသည်းယားလာတာကြောင့် ပါးဖောင်းဖောင်းလေးကိုငုံ့နမ်းလိုက်တော့ မျက်လုံးလေးတွေဝိုင်းခနဲဖြစ်သွားတဲ့မမ
'ကြည့်ပါဦးအုံး ချစ်လိုက်တာ ချစ်လိုက်တာ'
အသည်းတွေရော အူတွေရော ခေါင်းအစခြေအဆုံးအကုန်ယားလာတာကြောင့် မမရဲ့ပါးလေးနှစ်ဖက်ကို လက်နဲ့ကိုင်ကာမျက်နှာအနှံ့အနမ်းတွေတောက်လျှောက်ပေးလိုက်တော့ မမကတအင့်အင့်နဲ့သာအသံထွက်နိုင်ပါတော့တယ်။
"အာ ကလေး တော်တော့လို့"
မျက်နှာတွေရဲကာ မမကကျွန်မရင်ဘတ်ကိုခပ်ဖွဖွတွန်းရင်းပြောလာတယ်။ သူကြိုက်နေရယ်သားနဲ့ ရှက်နေပြန်ပါပြီ
YOU ARE READING
Fanfiction"အဆုံးသတ်မှာမပေါင်းဖက်ခဲ့ရရင်တောင် အမုန်းတရားတွေမပါဘဲ ဇာတ်သိမ်းသွားရင် အဲ့တာလည်း Happy Ending ပဲမလား အစ်မ..."