"Yoona ရော့နင့်အတွက်"
"?"
"Yoonaလေးရေ ပင်ပန်းနေပြီလားရော့ နင့်အတွက်"
"..."
"Yoona Yah ခနစောင့်ငါနင့်အတွက်ကော်ဖီသွားဝယ်ပေးမယ်"
"!!!"
နေ့စဉ်ရက်ဆက်ရသမျှမုန့်ဖိုးနဲ့ကော်ဖီဆိုင်ကကော်ဖီဝယ်ပြီး Yoonaကိုတိုက်ဖြစ်ပါတယ်။ အဲ့တာမှအစ်မရဲ့မျက်နှာကိုမြင်ရမှာလေ။ Yoonaအတွက်တော့စိတ်မကောင်းပေမယ့် သူမှမသောက်ရင်ကျွန်မအစ်မနဲ့တွေ့ရတော့မှာမဟုတ်။
အချိန်ကြာလာတာနဲ့အမျှ ပိုသေချာလာတဲ့ခံစားချက်တွေကြောင့် ကျွန်မရှေ့ဆက်တိုးဖို့လမ်းပဲရွေးလိုက်ပါတယ်။ နောက်ဆုံးရလဒ်ကဘာတွေပဲဖြစ်လာပါစေ ကျွန်မကတော့လက်ခံဖို့အဆင်သင့်ပြင်ဆင်ထားမှာပါ။
"Yoona ငါ.."
"တိတ်စမ်းBae!"
ကျွန်မဘာပြောမှာကိုသိနေတဲ့အလားYoonaကအလန့်တကြားတားတယ်။ ပြီးတော့လေးနက်တဲ့မျက်ဝန်းတွေနဲ့ ကျွန်မကိုကြည့်ရင်း
"နင်အခုတစ်လောမူမမှန်ဘူး။ တစ်ယောက်ထဲပြုံးလို့ပြုံးနဲ့ ပြီးတော့ညနေတိုင်းအဲ့ကော်ဖီဆိုင်ကိုသွားသွားနေတယ်။ အမှန်တိုင်းပြောစမ်း နင်တစ်ယောက်ယောက်တွေ့နေပြန်တာလား"
ကျွန်မအစကတည်းကသိခဲ့ရမှာ ကျွန်မyoonaကိုဘာမှဖုံးကွယ်ထားလို့မရဘူးဆိုတာ
"အင်းး~"
ကျွန်မလဲလေးလေးပင်ပင်နဲ့ပဲခေါင်းငြိမ့်ပြလိုက်ပါတယ်။ ကျွန်မဒုတိယအကြိမ်ချစ်မိတဲ့သူဟာလဲ မိန်းကလေးဆိုတာYoonaကိုပြောပြဖို့ကြောက်နေမိတယ်။
"ဘယ်သူလဲ"
"ကော်ဖီဆိုင်ပိုင်ရှင်မမ"
ကျွန်မအသံကိုအတိုးဆုံးပြောလိုက်တော့ Yoonaကမျက်မှောင်ကျုတ်လာတယ်။ ပြီးတော့ တခုခုပြောမယ့်ပုံစံနဲ့ သူမနှုတ်ခမ်းတွေကခပ်ဟဟဖြစ်လာတယ်။ Yoonaငါကိုဆူတော့မှာလား...
"ဘာလို့နင့်မမကကော်ဖီဆိုင်ပိုင်ရှင်ဖြစ်နေရတာလဲ.."
"ဟမ်?ဘာကိုလဲ"
"ဟုတ်တယ်လေ ဟော့ပေါ့ဆိုင်ပိုင်ရှင်ဖြစ်ဖြစ် ပီဇာဆိုင်ပိုင်ရှင်ဖြစ်ဖြစ်မဟုတ်ဘဲ ဘာလို့ကော်ဖီဆိုင်လဲ"
YOU ARE READING
Fanfiction"အဆုံးသတ်မှာမပေါင်းဖက်ခဲ့ရရင်တောင် အမုန်းတရားတွေမပါဘဲ ဇာတ်သိမ်းသွားရင် အဲ့တာလည်း Happy Ending ပဲမလား အစ်မ..."