သာယာသော နံနက်ခင်းတစ်နေ့တွင် ဂယူဘင်းငယ်လေးတစ်ယောက် ခြံ၀န်းကျယ်ကြီးထဲ၌ဘောလုံးနဲ့ ပြေးလွှားဆော့ကစားနေသည်။ ဂယူဘင်းအသက်က 9နှစ်လောက်သာရှိဦးမည်။ မိဘတွေကလည်းချမ်းသာတဲ့တစ်ဦးတည်းသောသားလေးပင်။
ဂယူဘင်းကစားနေစဉ် လှိမ့်ထွက်သွားသောဘောလုံးကိုတားဆီးကာ ကောက်ယူလိုက်သော ကလေးတစ်ယောက် ဂယူဘင်းထက်ငယ်မည်ဟုထင်ရသည်။
"ငါ့ဘောလုံးလေ"
ပြောပြောဆိုဆိုဖြင့် ဂယူဘင်းသည် ဘောလုံးကိုလုဟန်ပြင်လိုက်သောအခါ ထိုကလေးသည် ပြန်လုလေသည်။အင်အားမမျှသောအခါ ဂယူဘင်းဘက်သို့ ဘောလုံးကပါသွားရသည်။ ထိုအခါ ငိုယိုလာသော ထို ကလေး၏ မိခင်ဖြစ်သူနဲ့ ဂယူဘင်း၏ မိခင်ဖြစ်သူတို့ အတူပြေးကာထွက်လာကြသည်။
"မမလေး တောင်းပန်ပါတယ်နော် ယူဂျင်းလေးက ဆော့စရာမို့လို့ လိုချင်သွားလို့နေမှာပါ ကလေးဆိုတော့လေ တောင်းပန်ပါတယ်နော်"
"အာ မဟုတ်တာကွယ် ကိစ္စမရှိပါဘူး"
သဘောကောင်းပုံရတဲ့ အပြုံးချိုချိုနဲ့ ဂယူဘင်းရဲ့အမေက လေသံပျော့ပျော့ပျောင်းပျောင်းဖြင့်သာ စကားပြော သည်။
"သား ဂယူဘင်းနီး ညီလေးကို ပေးဆော့လိုက်ပါလားဟင် မေမေက သားကိုအသစ်ဝယ်ပေးမယ်လေ နော်"
"ပေးဆော့ရင် မေမေကသားလိုချင်တာဝယ်ပေးမှာလား"
"အမလေး ကလေးရယ် မေမေက သားလိုချင်တာအကုန်၀ယ်ပေးနေကျပဲကို"
"ပြီးရော ရော့"
ဘောလုံးကိုရသွားသော ကောင်လေးမှာ ငိုထားသောအခါ နှာခေါင်းထိပ်လေးတွေရဲပြီး ပါးလေးတွေပါရဲနေသည်။မျက်လုံးဝိုင်းဝိုင်းလေးဖြင့် တရှုံ့ရှုံ့လုပ်ကာ ဘောလုံးကိုကြည့်နေသောကောင်လေးသည် ဟန်ယူဂျင်းပါ။
ယူဂျင်းရဲ့မေမေသည် ဂယူဘင်းတို့အိမ်မှာ အကူ၀င်လုပ်နေခြင်းဖြစ်သည်။ ယောက်ျားဖြစ်သူဆုံးပြီးနောက် အမေတစ်ခုသားတစ်ခုမို့ ဒုက္ခရောက်နေသည်ကို ဂယူဘင်းရဲ့မေမေက ဒီတိုင်းကြည့်မနေနိုင်လို့ အလုပ်ပေး နေစရာပေး ၍ ခေါ်ထားခြင်းဖြစ်သည်။ အမျိုးတော်ကြသော်လည်း ဆက်မည်ဆိုပါကာ အမျိုးဝေးပါသည်။ ဂင်ဂယူဘင်းနဲ့ဟန်ယူဂျင်းသည်လည်း ရင်းနှီးသည်ဟု ခေါ်နိုင်သော ဆက်ဆံရေးမျိုးလည်းမရှိပေ။