သူ့အကြံနဲ့သူရှိပြီးသားဖြစ်တဲ့ဟာဂျင်းက hotelတစ်ခုမှာ bookingကြိုလုပ်ထားပြီးသားပါ။ အိပ်တစ်၀က်နိုးတစ်၀က်ဖြစ်နေတဲ့ ဂယူဘင်းကိုတွဲပြီးအခန်းထဲပို့ပေးဖို့ကို ၀န်ထမ်းတွေကိုပဲအကူညီတောင်းလိုက်ရသည်။ အိပ်ရာပေါ်ရောက်တာနဲ့ ဆေးရှိန်ကြောင့်တစ်ချိုးတည်းအိပ်ပျော်သွားတဲ့ ဂယူဘင်းကဘာကိုမှမသိတော့ပါဘူး။
"ဒီအခြေအနေကို ဟိုသူငယ်နှာမစင်သေးတဲ့ သူ့ချစ်သူကလေးလေးသိအောင် ဘယ်လိုပြောပြရမှာပါလိမ့် အဲ့တာမစဉ်းစားမိသေးဘူး"
အိပ်ပျော်နေတဲ့ဂယူဘင်းရဲ့လက်မောင်းပေါ်သို့ ၀င်တိုးအိပ်လိုက်ပြီးစဉ်းစားနေတုန်း အကြံရသွားတဲ့အခါ ဂယူဘင်းရဲ့ အိတ်ကပ်ထဲဖုန်းကိုစတင်ရှာသည်။
"ချီးး လျှို့ဝှက်နာပါတ်ကြီးနဲ့"
ဖုန်းကိုရှာတွေ့သွားပေမယ့် လျှို့ဝှက်နံပါတ်ခံထားတာကြောင့် စိတ်ပျက်ပျက်နဲ့ပဲ ဖုန်းကိုပစ်ချလိုက်သည်။ ဘာဆက်လုပ်ရမလဲမသိတာကြောင့် ငုတ်တုတ်ပဲထိုင်ကာ အိပ်ပျော်နေတဲ့ ဂယူဘင်းကိုထိုင်ကြည့်ရုံ။
"အာ..."
တစ်ခုခုကို တွေးမိသွားပုံရတဲ့ဟာဂျင်းက ဂယူဘင်းရဲ့အနားကိုတိုးကပ်သွားလိုက်သည်။ သူမဘာတွေများထပ်လုပ်တာဖြစ်နိုင်မလဲ?။
The Next Day Morning //
ခေါင်းထဲကတဆစ်ဆစ်ကိုက်နေပြီး တစ်ကိုယ်လုံးလည်း ကိုင်ပေါက်ထားခံရသလိုမျိုး ကိုက်ခဲနေသည်။ နိုးလာတဲ့နေရာက အိမ်မဟုတ်တာကိုတော့ သတိထားမိလိုက်သည်။
"ဘယ်မှာပါလိမ့်"
သေချာကျကျနနလေးအိပ်ပျော်နေခဲ့တာပဲ။ စောင်ပါအဆင်သင့်ခြုံထားပေးတာဆိုတော့ တစ်ယောက်ယောက်ခေါ်လာတာဆိုတာကို ဂယူဘင်းတန်းသိလိုက်တာပေါ့။ ထိုအချိန် တံခါးဖွင့်သံကြားလိုက်ရတာကြောင့် ဘယ်သူလဲဆိုတာကို သေချာအာရုံစိုက်နေသည်။
"အော မောနင်းဂယူ နိုးပြီလား"
"ဟုတ် ဒီကိုဘယ်လိုဖြစ်..."
"မနေ့က တို့နှစ်ယောက်လုံးမူးနေတာမလို့ ဒီမှာတစ်ညအိပ်ဖို့ထားခဲ့ကြတာတဲ့ စိတ်မပူပါနဲ့တစ်ယောက်တစ်ခန်းပါ"